".....ကျွန်တော်မျိုး ကောက်ရိုးပုံတောင် မချန် စုံစမ်းခဲ့ပါရဲ့ ဘုရာ့။ သို့ပေမယ့် နည်းနည်းလေးဆင်တူသူတောင် မတွေ့ခဲ့ကြောင်းပါ အရှင်မင်းမြတ်။"
"အရှင် ယောဝေ ဒီကိစ္စတွေအားလုံးဟာ မောင်မင်းရဲ့ နှုတ်လုံမှုနဲ့ ပါးနပ်မှုကြောင့် ငါကိုယ်တော်က စေခိုင်းတာဖြစ်တယ်ဆိုတာ သေချာမှတ်ပါ့ မောင်မင်း။"
ယောဝေက သဘောပေါက်စွာ ခေါင်းငြိမ့်လိုက်သည်။ မျက်နှာကိုကား ရိုသေသမှုဖြင့် ခေါင်းငုံ့ထားလိုက်သည်။
"မှန်လှပါ အရှင်မင်းမြတ်။ ကျွန်တော်မျိုးထံကတော့ ဘယ်တော့သောအခါမှ မပေါက်ကြားစေရပါဘူးဆိုတာ ကျွန်တော်မျိုးအသက်နဲ့ စက်ပြီး မယ်တော်သခင်မဆီမှာ ကျိန်ဝံ့ပါရဲ့ဘုရား။"
"အိမ်း... ငါကိုယ်တော် ယုံပါရဲ့ အရှင်ယောဝေ"
ထို့နောက် ယောဝေက မတ်တပ်ရပ်နေရာမှ ခါးကို ကိုင်းကာ အင်္ကျီရင်ဘတ်ထဲတွင် ဝှက်ထယးသော ပန်းချီလိပ်ကလေးကို ထုတ်ယူလိုက်သည်။ ပြီးလျှင် မိမိရှေ့ရှိ စာကြည့်စားပွဲနောက်တွင် ထိုင်နေသော ဘုရင်မင်းမြတ်အား လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်သည်။
"ပန်းချီလိပ်ကို ပြန်လည် လက်ခံတော်မူပါ့ ဘုရား။"
ဘုရင်မင်းမြတ်က အနားတိုးရန် လက်ဝှေ့ရမ်းပြသဖြင့် ဘုရင်မင်းမြတ်ထိုင်နေရာ ထိုင်ခုံနဘေးသို့ တိုးကာ ဒူးတစ်ဖက်ထောက်ကာ စာလိပ်ကို ဦးခေါင်းထက်သို့ပေးကာ လက်နှစ်ဘက်ဖြင့် ကမ်းပေးလိုက်သည်။ ဘုရင်းမင်းမြတ်ကာ စာလိပ်ကို ယူလိုက်ပြီးလျှင်....
"ကိုယ်တော့်အား မော့ဖူးစေ"
ယောဝေမှာ ဘုရင်မင်းမြတ်၏ အမိန့်စကားအတိုင်း ခေါင်းကို မော့လိုက်ပါသည်။ မဟာဆန်ကာ ခန့်ညားလှသော အမျိုးသားတစ်ဦးက သူ့အား အထက်စီးမှ သိမ်မွေ့စွာ ပြုံး၍ ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုအပြုံးတို့ကား သားသမီးမျက်နှာကို မြင်ရသဖြင့် ကြည်နူးပီတိဖြစ်ရသော ဖခင်တဦး၏ အပြုံးမျိုး။ ဤသူကား ဤတိုင်းပြည်ကို ပိုင်စိုးသော ဘုရင်မင်းမြတ်ဖြစ်သလို သူ၏ ခေါင်းကိုင်ဖခင်လည်းဖြစ်သည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...