Warning ⚠️ Violence and gore
ယောဝေမှာ မျက်လုံးဖွင့်လျှင် ဖွင့်ခြင်းမြင်ရသည် ချစ်သူကြောင့် ပြုံးမိပါသည်။ သူ့ကို တစ်ကိုယ်လုံးဖြင့် ဖက်ထားကာ အိပ်နေတာများ နှစ်နှစ်ချိုက်ချိုက်။ ထို့အပြင် အတူခြုံထားသော စောင်ကလည်းရှိသေးသည်။ ဒါကြောင့် သူ့မှာ တညလုံး နွေးထွေးနေတာကိုး။
အချိန်အားဖြင့်တော့ အာရုံတက်စပင်ရှိဦးမည်။ လင်းရောင်ခြည်နုနုက ဒင်း၏ မျက်နှာချောချောကို တပိုင်းတစ ဖုံးအုပ်ထားသော ဆံပင်တို့ထက် ခပ်ဖွဖွလေးကျဆင်းလို့နေသည်။ ထိုဆံပင်တို့က ဒင်း ထွက်သက်ဝင်သက်လေကြားဝယ် နှာခေါင်းကို မထိတထိ ကလူသည်နှင့်တူပါ၏။ အသက်ရှုလိုက်တိုင်း နှာခေါင်းက ရွစိရွစိနှင့်ဖြစ်နေရှာသည်။ ထို့ကြောင့် ထိုဆံပင်တို့ကို အသာအယာသပ်ပေးလိုက်လျှင် ဒင်းက လွန်လူးကာ မျက်လုံးတို့ဖွင့်လာသည်။
"အင်..."
သူ့ကိုမြင်လျှင် အိပ်ချင်စုံမွှားဖြင့် နဖူးကို တချက်နမ်းကာ ရင်ခွင်ထဲအတင်းဆွဲသွင်းနေသည်။ သူတို့ နှစ်ယောက်တည်းဆိုပါလျှင် ပြဿနာမရှိပါသော်ငြား ယခုတော့ ဘေးတွင် မယ်မယ်ကစလို့ ဒင်း၏ ရောင်းရင်းတစ်သိုက်ကပါရှိနေသည်။ ဒီလို ချစ်ကြည်နူးလို့ ကယုကရင်ဆိုသည်မှာ လက်ထပ်ပြီးသားစုံတွဲတို့သည်ပင် မိဘရှေ့တွင် မသင့်လျော်သည့် အပြုအမူဖြစ်ရာ သူ့မှာ ဒင်း၏ရင်ဘတ်ကို တွန်းကာ ဒင်းအပွေ့အဖက်တို့ကို ခုခံရပါတော့သည်။ သို့သော် ဒင်းက မရမက ပွေ့ဖက်ရန်ကြိုစားနေသေးပြန်သည်။ နောက်ဆုံးဝယ် အရှုံးပေးရသူက သူသာ။ တခြားသူတို့လည်းမှေးစက်နေသေးသည်ဖြစ်ရာ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်လျှင်မကောင်း။
ဒင်း၏ ရင်ခွင်ကျယ်ထဲဝယ် ငြိမ်သက်နေရင်း သူ့ကျောဘက်ဆီမှ လှုပ်ရှားသံသဲ့သဲ့ကြောင့် ထထိုင်လိုက်ရပါသည်။ ကောလွန်းက လက်ထဲဝယ် ဗူးသီးခြောက်ကြီးတစ်ခုကိုကိုင်ကာ ထွက်သွားသည်ကို တွေ့လိုက်သည်။ ကြည့်ရတာ ရေခတ်မလို့နှင့်တူပါ၏။ ဒီတော့ သူလည်း မျက်နှာသစ်ရန် ဆုံးဖြတ်ကာ မသွားခင် ချစ်သူကို စောင်သေချာပြန်ခြုံပေးလိုက်သည်။ သို့သော် ဒင်းကပါ နိုးလာပြီး ထထိုင်လာသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...