Chapter 22

4.1K 684 98
                                    

ညသည်ကား စိတ်ပျက်ဖွယ်ရာကောင်းရလောက်အောင် တိတ်ဆိတ်ငြိမ်သက်၍ ပျင်းရိငြီးငွေ့ဖွယ်ရာအတိ။ လေထုမှာလည်း ဖိစီးမှုတခုဖြင့် လေလံထိုင်းမှိုင်း၍ နေသည်။ အခန်းထဲတွင် မီးအလင်းရောင်တစ်စုံတရာမရှိသော်ငြား သူတို့အတွက်တော့ မည်းမှောင်မနေပါ။

ခုနှစ်စင်ကြယ်တို့ အမြှီးထောင်ချိန်မှာတောင် ယောဝေမှာ စက်တော်ခေါ်ကာ ပျော်ရန်မဆိုထားဘိ။ တမှေးမှပင် မှေး၍ မရပါပေ။ အဓိကကတော့ နေ့လည်ကအဖြစ်အပျက်က ခေါင်းထဲရောက်နေ၍ ဖြစ်သည်။ ထိုသတ္တဝါလေး၏ ခေါ်သံကို နားနှင့်ဆက်ဆက်ကြားလိုက်ရပါသည်။ သူသာ ဒီသတ္တဝါလေးကို မသိပါလျှင် ခင်ပွန်းသည်ဟုပင်ထင်မိပေလိမ့်မည်။ သို့ပေမယ့် ဒင်းက ဘာကိစ္စနဲ့ သူ့ခင်ပွန်းခေါ်သလို လေယူလေသိမ်းတတွေမသိမ်းတူအောင် ခေါ်နိုင်ရတာလဲ။ ဒါကြီးက ဘယ်လိုမှ နားလည်၍ မရသောအချက်။ သို့သော်လည်း ထိုချာတိတ်က သူ့ ခင်ပွန်းဆိုတာ ဘယ်လိုမှ လက်မခံနိုင်ပါ။ သူက
အဲ့ဒါမေတ္တာတုန်းလေးကို တူလိုသားလိုတောင် မြင်ကြည့်လို့ပင်မရ။ ဒါကို ဘယ်လိုလုပ်ပြီး....။  တော်ပါပြီ။ ဆက်မတွေးတာပဲကောင်းမည်။

ယောဝေမှာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိပါသော ဆုံးဖြတ်ချက်နှင့်အတူ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိပါသော သက်ပြင်းကိုပါချလိုက်ပါသည်။

"ဟင်း...."

ထို့နောက်တစ်ဖက်တည်းတွင်သာ စောင်းအိပ်နေသဖြင့် ကိုယ်တစ်ခြမ်းပင် နာလာသည်ဖြစ်ရာ တစ်ဖက်သို့ပြန်စောင်းလိုက်ပါသည်။ ဟိုသတ္တဝါလေးလည်း အိပ်လောက်ရောပေါ့။ သို့သော် သူ့အတွေးက တက်တက်စင်းအောင်လွဲကာ သားရဲတို့၏ မျက်ဝန်းများသဖွယ် စူးရှလှသော မျက်ဝန်းအစုံနှင့် တည့်တည့်ကြီးတိုးပါတော့သည်။ နုလုံးအိမ်အား အခြေပြုပါသော တုန်ခါမှုတရပ်ကြောင့် ယောဝေမှာ နှစ်ခါပြန် စဉ်းစားမနေ။ ချက်ချင်းပင် အစောက လဲလှောင်းနေသော ဘက်သို့ ဝုန်းခနဲပြန်လှည့်လိုက်ပါတော့သည်။

"အာ့..."

ကိုယ့်ဒေါသနှင့်ကိုယ်ပြောရမလားမပြောတတ်။ လှည့်လိုက်ချိန်တွင် ရင်ဘတ်မှ ဒဏ်ရာကို ဆောင့်ချလိုက်သလို ဖြစ်သွားကာ နာကျင်စွာဖြင့် ညည်းညူလိုက်ပါတော့သည်။ ဒီအနာကလည်း မပျောက်တော့ဘူး။ ထုံးစံဆို ချက်ချင်းပျောက်သည်။ ယခုတော့ မပျောက်သည့်အပြင် သွေးတစ်စို့စို့နှင့်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now