လေးရက်ခန့်ကြာသော်..."ရောင်းရင်းတို့ရေ ကျော်စွာတစ်ယောက်တော့ ကိုယ်ခံ လေကျင့်ခန်းရှိလို့ ဒီည ကျုပ်တို့နဲ့ သောက်ဖို့ မလာနိုင်ဘူးတဲ့ဗျာ။"
ဂေဆက်က သေရည်ဆိုင်ထဲရောက်သည်နှင့် သူ့ထုံးစံအတိုင်းအာပြဲလျှာပြဲနှင့် လှမ်းအော်ကာ ဝင်လာသည်။ ပြီးလျှင် ဘဏ္ဍာစံမံခန့်ခွဲရေးဠာနတွင် စာရင်းအင်းကျွမ်းကျင်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော ယံဝန်းသုန် နဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဒါနဲ့ လေမာန်သွေး... ရောင်းရင်းကြည့်ရတာ ကြည်ရွှင်နေကော။ ကောင်းတဲ့အကြောင်းအရာများရှိလို့ကတော့ ကြားချင်သား။"
ရောက်ကတည်းက ပြုံးဖြီးဖြီးမျက်နှာနှင့် ထိုင်နေသော လေမာန်သွေးကို ကြည့်ကာ ရှင်းဝဏ် စပ်စုမိပါတော့သည်။
"အိမ်း... ရောင်းရင်းမေးတော့လည်း ပြောရပါ့။ ကျုပ်တို့တတွေအားလုံး နည်းဗျူဟာဆိုတဲ့ ဘာသာရပ်သင်ရမယ်တဲ့။ ကျုပ်အတန်းကို သင်မယ့်ဆရာက ရောင်းရင်းရဲ့ ဦးကြီး အရှင်ယောဝေတဲ့ဗျ။"
ရှင်းဝဏ်ကတော့ ထိုသတင်းကြားပြီးဖြစ်၍ အံ့သြမနေပါ။ အရှင်ယောဝေအား ဘုရင်မင်းမြတ်က အမိန့်ဖြင့်ဆင့်ခေါ်ကာ သူတို့၏ ကျောင်းတွင် ဆရာအဖြစ်ခန့်အပ်လိုက်သည်ဆိုသည်မှာ တောမီးသဖွယ်ဟုန်းဟုန်တောက်နေသော သတင်းဖြစ်သည်။ လူတိုင်းက အရှင်ယောဝေ ဘာများသင်ကြားလေမလဲဆိုတာ သိချင်ကြသည်။ အရှင်ယောဝေသင်သည်အတန်းကို တက်ရောက်လိုကြသည်။ တနေ့တနေ့ ကျောင်းမှာရှိရှိသမျှ သက်ရှိအားလုံး၏ စကားတွင် အရှင်ယောဝေအကြောင်း မပါလျှင်မပြီး။ အရှင်ယောဝေအကြောင်းမပြောရလျှင် အိမ်မပျော်စားမဝင်ကြ။ ထိုအထဲတွင် ရှင်းဝဏ်တော့မပါ။ သူကတော့ အရှင်ယောဝေအကြောင်းကြားရလွန်း၍ စိတ်တွေရှုပ်ထွေးနောက်ကျိကာ အာရုံတွေတောင် နောက်နေသည်။ ဘယ်လိုဖြစ်လို့ ဒီလောက်ကြီး ကျော်ကြားနေမှန်းမသိတယ်။ သူ့ဟာသူ နယ်စွန်နယ်ဖြားမှာ နေတာအကောင်းသား။
"ဒီတော့... ကျုပ်တို့က အားကျရမယ်ပေါ့လေ။"
"ဒါပေါ့ဗျ။"
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...