Chapter 44

3.6K 571 68
                                    

ယောဝေမှာ မျက်လုံးဖွင့်လိုက်သည်နှင့် ငေါက်ခနဲထထိုင်ကာ ဟိုဒီကြည့်လိုက်သည်။ သူနောက်ဆုံးအမှတ်မိသည်က ချစ်ရသူ၏ ဝံပုလွေရင်ခွင်။ သွေးနံ့တို့ဖြင့် ထုံမွှန်းနေသည့်တိုင် နွေးထွေးလုံခြုံမှုတို့က သံမဏိတံတိုင်း ခုနှစ်ထပ်ထက်ပင် သာလွန်ပေလိမ့်မည်။ ယခုတော့ ထိုတံတိုင်းကြီးကွယ်ပျောက်လို့ သူကား အိပ်ရာတခုထက်ဝယ် ထိုင်လို့နေသည်တဲ့။ ပြီးမှ သတိထားမိသည်က သူရောက်နေတာ ဖခင် အရှင်နန္ဒရဲ့ စာကြည့်ဆောင်ထဲက သလွန်ပဲဟာ။ ထို့အပြင် သလွန်အောက်ဝယ် ပုဝါထူထူတစ်ထည်ပတ်ကာ ခွေခွေလေးလဲလျောင်းနေသော ဝံပုလွေကြီးကို တွေ့လိုက်ရသည်တွင် ချက်ချင်းပင် ကုတင်ပေါ်မှ ဆင်းကာ ထိုဝံပုလွေကြီးနားသို့ ချင်းကပ်ခဲ့ပါသည်။

အစွယ်ငေါငေါနှင့် နက်မှောင်သော အမွှေးအမျှင်တဖားဖားတို့ကြောင့် ကြောက်မက်ဖွယ်ရာကောင်းလှသော ထိုဝံပုလွေကြီးကား အိပ်မောကျ၍ နေသည်။ သို့သော် ယောဝေကတော့ နှလုံးသားထဲမှ လာသော ချစ်ခြင်းတို့ဖြင့် ရှု့မြင်မိ၍လားမပြောတတ်။ ဒင်းအိပ်နေပုံက အပြစ်ကင်းစင်၍နေသည်။  သို့သော် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခြင်းတော့ မဟုတ်ပါပေ။ သူ အနားရောက်သွားလျှင် ထိုဝံပုလွေ၏ မျက်လုံးတို့ကား ဖြတ်ခနဲပွင့်လာပြီး သူ့အား လှစ်ခနဲ ခုန်အုပ်လိုက်တော့သည်။

ယောဝေခမြာ မျက်စိတစ်မှိတ်အချိန်အတောအတွင်းမှာ ဝံပုလွေမိစ္ဆာကြီး၏ အုပ်မိုးခြင်းခံလိုက်ရပါတော့သည်။ သို့ပါသော်လည်း နည်းနည်းမှ မတုန်လှုပ်မိ။ သူ ချစ်ရသူက သူကို အန္တရာယ်ပြုလိမ့်မည်မဟုတ်မှန်းကို အသည်းထဲ နှလုံးထဲက ယုံကြည်၍ ဖြစ်သည်။

ရှင်းဝဏ်ကလည်း သတိမလွတ်ပါပေ။ သူ့ခန္ဓာကိုယ်က မသိစိတ်မှ ထိန်းချုပ်မှုကြောင့် ရုတ်ခြည်းလှုပ်ရှားမိသည်တိုင် သူနားချည်းကပ်လာသူကို မဆုတ်ကိုင်လိုက်မိခင်ကတည်းက ထိုအမျိုးသားကား သူ့နှလုံးသားသက်နှင်အရှင်သခင်ဖြစ်မှန်း သိပါ၏။ ထိုကြောင့် သူ့လက်သည်းတို့ဖြင့် မထိခိုက်ရလေအောင် သတိထားကား ထိုသူ၏ ပုခုံးများကို လက်ဖနှောင့်ဖြင့် ကြမ်းပြင်ပေါ်တွန်းလှဲကာ ခန္ဓာကိုယ်ဖြင့် အုပ်မိုးထားလိုက်ပါသည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now