Chapter 26

4.3K 639 111
                                    

ရှင်းဝဏ်မှာ အလှည့်ကျ ကင်းတပ်သားနှစ်ဦးနှင့်အတူ ဈေးလမ်းတစ်လျှောက် လျှောက်လာခဲ့သည်။ နေထွက်စပင်ရှိသေးသည်ဖြစ်ရာ လမ်းသွားလမ်းလာတို့ထက် ဈေးဆိုင်ခင်းကျင်းနေသူများ၊ ကုန်စည်တို့နေရာချထားသူတို့နှင့်သာ စည်ကားသိုက်ဝန်းနေသည်။

"ဗိုလ်လေးတို့ မနက်စာ သုံးဆောင်ဖို့ ဆိုင်ထဲကြွပါ့။"

သူတို့ရောင်းရင်းတစ်သိုက်နှင့် မျက်မှန်းတန်းမိနေသော စားသောက်ဆိုင်ပိုင်ရှင်က ရှင်းဝဏ်ကို မြင်လျှင် လှမ်းကာခေါ်သည်။

"နေပါ့ အရီး။ တာဝန်ချိန်မို့ ခွင့်ပြုပါ့။"

ရှင်းဝဏ်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးပန်းမာန်များကို အမျိုးမျိုးအဖုံဖုံနှင့် အရောင်အသွေးစုံလင်စွာ ခင်ကျင်းထားသည့် ဈေးဆိုင်တန်းများရှိရာ ဈေးတန်းတစ်လျှောက်လျှောက်လာသည်။ တနေရာအရောက်... သစ်သီးနှင့်ပန်းတို့ကို ရောင်းချသော ဆိုင်တခုရှေ့တွင် ရပ်ကာ ဟိုကြည့်ဒီကြည့်နေသည့် အမျိုးသားတစ်ဦးကို မြင်လျှင်...

"ဟံလွေ??"

ဟုတ်ပါ့။ ဟံလွေမှ ဟံလွေ။ ပန်းတချို့ကို လက်ညိုးထိုးကာ ဆိုင်ရှင်နှင့် စကားပြောနေသေးသည်။ ရှင်းဝဏ်မှာ မျက်စိရှေ့ရောက်မှတော့ ခင်ပွန်းလောင်းလေးကို နှုတ်ဆက်ရန်ဆုံးဖြတ်လိုက်ကာ သူ့နှင့်အတူပါလာသော တပ်သားလေးများကို သွားနှင့်စေပြီး သူကတော့ ထိုပန်းဆိုင်လေးရှိရာသို့ လျှောက်လာခဲ့သည်။

"ဟံလွေ"

သူ့ခေါ်သံအဆုံးဝယ် ဟံလွေ၏ ခန္ဓာကိုယ်မှာ တောင့်ခနဲဖြစ်သွားကာ အံသြတကြီးဖြင့် သူ့ကို လှည့်ကြည့်လာသည်။

"အနောင်... ဘယ်က လှည့်လာတုန်း။"

"ကင်းတာဝန်ကော ဟံလွေ။ ဒါနဲ့ ဘယ်တုန်းက ပြန်ရောက်တုန်း။ အနောင်ဖြင့် မြင်တော့ အံ့သြသွားရဲ့။"

ဟံလွေမှာ သံတမာန်ရေးရာတာဝန်နှင့် ခရီးထွက်နေသည်မှာ တစ်ပတ်ပင်ရှိပြီဖြစ်သည်။ အစကတော့ မနက်ဖြန်လောက်မှ ပြန်ရောက်မည်ဟုဆိုသည်။ ယခုလို မမျှော်လင့်ပဲ ဘွားခနဲတွေ့လိုက်ရတော့ သူလည်းအံ့အားသင့်မိတာ အမှန်ပင်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now