နေရောင်ခြည်နုနုက အခန်းတွင်းရှိ အမှောင်ယံတို့ကို တစစနှင့် နှိမ်နင်းကာ နေ့တနေ့၏ နယ်ပယ်ကိုချဲ့ထွင်လေပြီ။
ယောဝေမှာ ဘုရင်မင်းမြတ်လဲလျောင်းနေရာ သလွန်ဘောင်ကို လက်ထောက်၍ ငိုက်မြည်းနေရာမှာ မျက်နှာပေါ်ကျရောက်လာသော အလင်းရောင်တို့ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ပါသည်။ အချိန်အားဖြင့် မနက်စင်စင်လင်း၍ နေပြီဖြစ်သည်။ ဤသို့ဆိုလျှင် သူ့ ကင်းချိန် ကုန်ဆုံးပြီဖြစ်သည်။ ထို့ကြောင့်ကင်းတာဝန်လဲလှယ်ပေးမည့် တစ်ဦးတည်းသော ကင်းတပ်သားရှင်းဝဏ်ကို လှမ်းကြည့်လိုက်လျှင် ဒင်းကား ခပ်လှမ်းလှမ်းဝယ် ထိုင်ဖုံတစ်ခုကို လိပ်၍ ခေါင်းအောက်တွင်ခုကာ အိပ်ပျော်လို့နေသည်။
အိပ်ပျော်တာမှာ အိပ်မက်များတောင် မက်နေသေးသည်ထင်ပါ၏။ ပါးစပ်က ပလုံးပထွေးဖြင့် တခုခုကို ရေရွတ်နေသည်။ ကောင်းလေစွ။ တော်တော်ကြီးကို သတိဝိရိယရှိပုံပင်။ သို့ပါသော်လည်း ဒင်းကို အပြစ်မတင်ရက်။ ဒင်းခမြာ သူ့ကိုယ်စား တညညလုံးနီးနီး ကင်းစောင့်ခဲ့တာ မဟုတ်လား။ သူ့ကိုဖြင့် တညလုံးနီးပါး အိပ်စက်စေပြီး အာရုံတက်ခါနီးကျမှ သူက မရမက ကင်းလှဲလှယ်ကာ အိပ်ခိုင်းသဖြင့် အိပ်သွားခြင်းဖြစ်သည်။
ယောဝေမှာ ပြုံးကာ ထိုသတ္တဝါလေးအနီးသို့ အသာအယာ ချဉ်းကပ်သွားပါသည်။ ဒင်း ဘာတွေယောင်နေသည်ကို သိချင်လှစမ်းပါဘိ။
"အကျွန်ုပ်ရှင်းဝဏ်သည် မယ်တော်သခင်မ၏ အမည်နာမတော်နှင့် ချစ်ခြင်းမေတ္တာတို့အား တိုင်တည်ကာ သစ္စာဆိုပါသည်။ ......ယောဝေဟူသော အမျိုးသားအား နုလုံးသားတခုလုံးအပ်နှင်းကာ ချစ်ကြင်နာပါ၏။ အဆုံးမရှိ နက်ရှိုင်းသော ဤချစ်ခြင်းမေတ္တာဖြင့်..... ဤအမျိုးသားအတွက် စတေးပါမည်။ ..... မယ်တော်သခင်မနှင့် နည်းတူစွာ ဤအမျိုးသားကို အန္တရာယ်အသွယ်သွယ်မှ ကွယ်ကာ၍ ...... အိမ်ထောင်ဘက်ခင်ပွန်းတစ်ဦး၏ တာဝန်ကို ကျေပွန်စေရပါမည်။ အကျွန်ုပ်တို့၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကြောင့်သာ .... ဤအမျိုးသား၏ စိတ်ဝိညာဉ်နှင့် အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် တသားတည်းရှိပါအံ့။ .... အကျွန်ုပ် သေဆုံးသည့်တိုင် ဤအမျိုးသားအား ချစ်ခြင်းမြတ်နိုးခြင်းတို့သည် အကျွန်ုပ်၏ ဝိညာဉ်နှင့်အတူ ဆက်လက်တည်ရှိပါအံ့..."
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...