မှောင်မဲတိတ်ဆိတ်သောညတစ်ည.....အေးစက်နေသော ဧည့်ခန်းထဲရှိ မီးလင်းဖိုနားတွင် ခန့်ညားသော ရုပ်ရည်နှင့် အမျိုးသားတစ်ဦးသည် တိတ်ဆိတ်စွာထိုင်နေသည်။ ထိုသို့ထိုင်နေရင်းမှ တချက်တချက်တွင် နဘေးရှိ ခုံမှ ဇနီးသည်၏ မျက်နှာလှလှလေးကို ကြေကွဲဝမ်းနည်းစွာ ကြည့်နေမိသည်။ သူမကတော့ မီးဖိုထဲရှိ တစ်ဖျောက်ဖျောက်နှင့် ကျွမ်းလောင်နေသည့် ထင်းချောင်းတို့ကိုသာ မသုံမမှုန်စိုက်ကြည့်လျှက်။ ဤသည်ကပင် သူမ ရင်ထဲ၌ ဖြစ်တည်နေသော ဖော်ပြခြင်းငှါမစွမ်းသာသည့် နာကျင်ခြင်းဝေဒနာတို့အား သက်သာလာစေနိုင်မည့် တခုတည်းသော နည်းလမ်းလိုလို။
"အမိ တောင်းပန်ပါရဲ့ကွယ်" ဟူသော စကားအား ဂါထာရွတ်သလို နှုတ်မှ အကြိမ်ကြိမ်အဖန်ဖန် ရေရွတ်၍နေပြန်သည်။
တိတ်ဆိတ်လှအခန်းသည် သူမ၏ တိုးညှင်းလှသော တောင်းပန်စကားကြောင့် ပို၍ ကြေကွဲဖွယ်ရာ ကောင်းလာသည်။ အမျိုးသားသည်ကား ထိုဆို့နစ်ဖွယ်ရာလေးလံထိုင်းမှိုင်းမှုကို မခံနိုင်တော့ဖြစ်ရာ ထိုင်နေရာမှာ အားယူကာ ထလိုက်ပြီး ဇနီးသည်ရှိရာဆီသို့ တိုးကပ်လာခဲ့သည်။ ထို့နောက် ဇနီးသည်၏ ပုခုံးသားတို့ကို မြတ်နိုးကျင်နာစွာ ခပ်ဖွဖွညှစ်လိုက်ပြီး...
"အချစ်ရယ် ဒါက မင်းအမှားမှ မဟုတ်တာကော။ သူရဲ့ ကံကြမ္မာလေကွယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့ အချစ်ရယ်။"
"ဟင့်အင်း.... ဒါ ကျွန်တော်မအပြစ်ပါကော။ ကျွန်တော်မသာ ဒီကိုမလာခဲ့ရင်... သူ... သူ ဒီလို ဆိုးရွားတဲ့ ကိစ္စမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူးရယ်။ အဲ့ဒါတွေ အားလုံးဟာ ကျွန်တော်မ အပြစ်... ကျွန်တော်မလုပ်တာ။ ကျွန်တော်မဟာ အသုံးမကျတဲ့ မိန်းမ။ ကျွန်တော်မဟာ ကိုယ့်သားကိုယ်သေအောင်လုပ်တဲ့ မိန်းမ..."
အမျိုးသမီးကား ပြောနေရင်းဖြင့် ချုံးပွဲချကာ အသည်းအူပြတ်လုမတတ် ပူဆွေးကာ ငိုကြွေးနေပါတော့သည်။
အမျိုးသားမှာ ဆောက်တည်ရာမရ ငိုကြွေးနေသော ဇနီးသည်ကို ကြည့်ကာ ရင်ထဲတွင် နာကျင်ရပါ၏။ သူ့အနေနှင့် မည်မျှပင် ရင်ထဲတွင် သိုဝှက်ထားပါစေ သားငယ်လေး သေဆုံးသွားသော ကိစ္စနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း အပြစ်မကင်းဟု ခံစားနေရရသည်မဟုတ်လား။ 'အကယ်၍ ငါသာ ဒီကိုမလာဖြစ်ခဲ့ရင်' ဟူသော အတွေးကို သူလည်းတွေးပါသည်။
CZYTASZ
ဖူးစာရှင် || ဖူးစာရှင်
Akcjaတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...