Warning ⚠️ Violence and gore
ခွန်ဆန်းက စက္ကကုမာရ်မင်းသားထွက်သွားသည်နှင့် ခုံတခုံတွင် ဝင်ထိုင်ကာ အရှင်ယောဝေကို တစိမ့်စိမ့်ကြည့်နေမိသည်။ သလင်းကျောက်စက်ရည်၏ အစွမ်းကြောင့် မူးမေ့လုလုရှိသည်ကို မရမကတင်းခံကာ သူ့ကို မျက်ထောင့်နီကြီးဖြင့် ပြန်ကြည့်နိုင်သေးသည့် ဒင်း၏ ခေါင်းမာမှုကို သြချမိပါတော့သည်။ ထို့အပြင် ချွေးစေးတို့ပျံလျှက် တုန်ရီနေသည့်ကြားမှပင် ပျံဝင်လာသော ရန်လိုနေသည့် အကြည့်စူးစူးတို့သည် ကျောစိမ့်စရာကောင်းသလို ရစ်မူးဖွယ်ရာလည်း ကောင်းလေတော့သည်။
"အိမ်း... နှမြောစရာတော့အကောင်းသားမယ် စက္ကကုမာရ်မင်းသားက ခင်ဗျားကို ဆန္ဒရှိနေတာပဲ။ မဟုတ်လျှင်ဖြင့် ခင်ဗျားကို ကျုပ်က အပိုင်သိမ်းလိုပါရဲ့။"
ခွန်ဆန်းက ပါးစပ်အငြိမ်မနေနိုင်သူပီပီ သူ့အတွေကို ထုတ်ဖော်လာသည်။
"အဟက်..."
ယောဝေကတော့ ထိုစကားကြောင့် ဝေဒနာကြားမှပင် ဟက်ခနဲရယ်မိပါတော့သည်။ သူ့ကိုသာ သိမ်းပိုက်ချင်တိုင်း သိမ်းပိုက်လို့ရစတမ်းဆိုလျှင်ဖြင့် "အရှင်ယောဝေ"ရယ်ဆိုပြီး ဘယ်ကလာပြီး ဖြစ်လာမှာတုန်း။
"အင်းပါလေ။ ခင်ဗျားအခုတော့ ရယ်ပါလေ့။ စက္ကကုမာရ်က ဇန်နိုရာရဲ့ အရှင်သခင်ဖြစ်လာရင် ဒီလို ခင်ဗျားရယ်နိုင်ပါစေပဲ ဆုတောင်းပါရဲ့။ အဲ... ခင်ဗျားဘယ်ရယ်နိုင်မှာတုန်း။ ခင်ဗျားက သလင်းကျောက်စက်ရည်အစွမ်းနဲ့ စက္ကကုမာရ်ဘုရင်မင်းမြတ်ရဲ့ ကိုယ်လုပ်တော်တပိုင်း ကြမ်းတိုက်တဲ့ကျွန်ဖြစ်လောက်ရောပေါ့။ အဟား... ဟား..."
ခွန်ဆန်းက နှိမ်နှိမ်ချိုးချိုးပြောကာ လှောင်ပြောင်ရယ်မောနေပါသော်ငြား ယောဝေက ဂရုစိုက်ဟန်မပြ။
"စက္ကကုမာရ်ကို ဘယ်သူက ထောက်ခံမှာမို့ သူက ဇန်နိုရာရဲ့ အရှင်ဖြစ်ရမှာတုန်း။ လျှာရိုးမရှိတိုင်းပြောနေတာရပ်စမ်းပါ့ မောင်မင်း။"
"ဪ... အရှင်ယောဝေရယ်... ခင်ဗျားဟာ လှသလောက် နှုတ်ရေးကလည်း စွာပါ့။ သလင်းကျောက်စက်ရည်ရှိမှတော့ မထောက်ခံပဲ ဘယ်သူက နေလို့ရမှာတုန်း။ ဒီညီလာခံပြီးတာနဲ့ စက္ကကုမာရ်မှာဟာ ဇန်နိုရာရဲ့ အရှင်သခင်ဖြစ်ကို ဖြစ်လာရမှာပါကော။"
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...