ယောဝေမှာ စက္ကကုမာရ်မင်းသားက တစ်မျိုးမို့ မသိချင်ယောင်ဆောင်ကာ အရက်ချည်းလှိမ့်သောက်နေပါသည် ဟိုငနဲလေးက ဘယ်ကနေပေါ်လာမှန်းမသိ။ သူ့ကို မသောက်ဖို့ တဂျီဂျီလုပ်လျှင် စိတ်တွေ ရှုပ်လို့လာသည်။ ထို့ကြောင့် ထိုင်ရာမှ ထလာခဲ့သည်။ အခုချက်ချင်းကောက်ခါငင်ကာထွက်သွားရအောင်ကလည်း အိမ်ရှေ့ကိုယ်တော်ကြီးပင် မပြန်သေး။ စက္ကကုမာရ်မင်းသားကို ဂရုမစိုက်သော်ငြား အိမ်ရှေ့ကိုယ်တော်ကြီးအပေါ်တော့ လေးစားသမှုအရင်းခံရှိသည်ဖြစ်ရာ သူ့အနေနှင့် အောင့်အီးသည်းခံကာ ဤမွေးနေပွဲတွင် နေရဦးမည်။ တဖန် ဆက်၍ ထိုင်နေဖို့ဆိုတော့လည်း ဟိုငနဲလေးက မသိမသာဖြင့် သတိပေးသလို "ခွင့်မလွှတ်နိုင်သော အပြစ်ပြုမိရင်" ဒုက္ခ။ဒင်း တမင်အကွက်တွေကျော်ကာပြောနေမှန်း သူသိသားပဲ။ ဒင်း တကယ်ဆိုလိုချင်သည်က "အဲ့ဒီ့မင်းသားက ခင်ဗျားကို ပြစ်မှားနေတာ... ဒီထက်ပိုလို့ အဆင့်တွေတက်ကာမှ ခင်ဗျား လက်ပါလာရင် ခွတွေကျကုန်မည်" ဆိုသည်မှ လွဲ၍ တခြားတော့မဖြစ်နိုင်။ အဲ့ဒီစကားက တကယ့်ကိုဖြစ်နိုင်ခြေများလှသည့်စကား။ အဲဒီ့စက္ကကုမာရ်ဆိုသည့် မင်းသားကို ထမထိုးပါဘူးဟု သူကိုယ်သူလည်း အာမမခံနိုင်။ သူဆိုတာ သူများနှင့်မတူသော ခန္ဓာဗေဒဆိုင်ရာ စနစ်တခုကြောင့် အရက်၏ အာနိသင်ပြချိန်ကြာသည်ကို အခွင့်ကောင်းယူကာ သူ မတူအောင် သောက်နိုင်သူ။ ထိုသို့ သောက်နိုင်သလောက် မူးလျှင် ရှိရင်းစွဲထက် စိတ်ပိုဆတ်သည်။ ဒီတော့ အပျက်ပျက်နှင့် နှာခေါင်းသွေးမထွက်အောင် လုပ်နိုင်တာတခုက က'နေရုံသာ။ သို့သော် သူက ဘယ်သူနဲ့ က'ရမှာတုန်း။ နောက်ပြီး က'ချင်စိတ်ကို မရှိ။
ဟိုဟိုဒီဒီကြည့်ကာ သင့်တော်လေမည့်သူကို ရှာနေစဉ်မှာပင် သန်မာကြံ့ခိုင်သော လက်တဖက်က သူ့လက်ကို ဖမ်းကိုင်ပြီး မီးပုံနားဆီသို့ဆွဲခေါ်သွားတော့သည်။ ယောဝေခမြာ စည်းချက်ပြင်းသော ရင်ခုန်သံနှင့် လုံးထွေးနေသည်ဖြစ်ရာ ထိုငနဲလေး၏ခေါ်ငင်ရာသို့ ပုံပျက်ပန်းပျက်ဖြင့်ပါသွားတော့သည်။
"မင်း! ဘာလုပ်...!!"
"ခင်ဗျား က'မလို့မဟုတ်လားကော။"
ESTÁS LEYENDO
ဖူးစာရှင် || ဖူးစာရှင်
Acciónတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...