လေမာန်သွေးမှာ တလမ်းလုံး မယ်တော်သခင်မ ကူညီစောင့်ရှောက်ပါစေကြောင်း တဖွဖွဆုတောင်းကာ အရှင်ယောဝေ၏ ရုံးခန်းရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ရှိ ထိုင်ဖုံလေးဝယ် တင်ပုလ္လိင်ခွေထိုင်ကာ ရှေ့မှစားပွဲခုံပုလေးပေါ်ရှိ စာလိပ်တချို့ကို ယူကာကြည့်ရှုစစ်ဆေးနေသော အလှနတ်ဘုရားတစ်ပါးကို မြင်လိုက်ရလေသည်။ သို့သော် သူထင်နေသည့် ကိစ္စသာ မှန်ခဲ့ပါလျှင် ထိုအလှနတ်ဘုရားလေးသည် သူ၏ ငရဲမင်းပင်ဖြစ်ပေလိမ့်မည်။
"အရှင် ယောဝေ ကျုပ်ကို တွေ့လိုပါ့ဆိုလို့"
သူ့စကားသံကြောင့် ဓါးသွားနှစ်လက်ကဲ့သို့ ထက်မြိနေသည့် အကြည့်ရှရှတို့က သူ့ထံပြေးဝင်လာ သူမှာ ထိတ်ခနဲဖြစ်သွားတော့သည်။
"ထိုင်ပါ့ တပ်မှုးငယ်။"
ယောဝေထံမှ ခွင့်ပြုချက်ရသည်နှင့် အရှင်ယောဝေ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ယောဝေက အသင့်ပြင်ထားသော စာရွက်တစ်ထပ်ကို လေမာန်သွေးရှေ့သို့ချပေးလိုက်ပြီး....
"တပ်မှုးငယ် ဒီအထဲက လက်ရေးတွေကို မှတ်မိပါစ?"
"မှန်ပါ့"
လေမာန်သွေးမှာ တုန်လှုပ်သွားသည်ကို မနည်းဖုံးဖိကာ ပြောလိုက်ရသည်။ ထိုစာရွက်တွေက သူရဲ့ စာရွက်တွေလေ။ ထိုစာရွက်တို့ထဲဝယ်ရေးထားသည်က မဟာဗျူဟာကျမ်း။
ယောဝေက ဘာမှမပြောသေး။ နောက်ထပ်စာရွက်တစ်ထပ် ထပ်ချပေးကာ......
"ဒါရောမှတ်မိပါစ တပ်မှုးငယ်"
"မှန်ပါ့"
"ဒီလက်ရေးတွေက ဘယ်သူ့လက်ရေးတုန်း တပ်မှုးငယ်"
"ကျုပ် လက်ရေးပါ"
မတတ်နိုင်။ လေမာန်သွေးမှာ ခပ်တည်တည်ပင် လိမ်လိုက်ရပါတော့သည်။
"ဪ... ကာယကံရှင်တောင် ဝေခွဲမရအောင်တူတဲ့ လက်ရေးပေပဲ တပ်မှုးငယ်။"
ယောဝေမှာ သူမှတ်ချက်ပြုလိုက်လျှင် ထိန်းမရအောင် ပျက်ရွင်းသွားသော ထိုသတ္တဝါလေး၏ မျက်နှာကို အရသာခံကြည့်ကာ ရင်ထဲဝယ်လှောင်ရယ်ရယ်လိုက်ပါသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...