Chapter 41

3.6K 584 62
                                    


တနေ့တာ၏ လုပ်ငန်းဆောင်တာ ကိစ္စရပ်တို့အားလုံးပြီးစီးလျှင် နေမင်းကား သူပိုင်ဆိုင်သမျှ အလင်းရောင်အားလုံးကို သိမ်းထုပ်ကာ အနောက်အရပ်သို့ ခရီးနှင်နေပြီဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စွဲကပ်လာသော အကျင့်လေးတစ်ခုအတိုင်း ယောဝေတစ်ယောက် ရုံးခန်းမှထွက်ထွက်ချင်း ဟိုဟိုဒီဒီမျက်စိကစားလိုက်ပါ၏။ ဟိုသတ္တဝါလေးကား အရိပ်အယောင်မျှမမြင်ရ။ မတတ်နိုင်။ တာဝန် ကိုယ်စီရှိသည့် ဘဝဝယ် စိတ်သွားတိုင်း ကိုယ်ပါနေတာမှ မဟုတ်ဘဲလေ။

ယနေ့ကား ယောဝေမှာ အတန်းချိန်ပြီးသည်မှာ နောက်ကျလှပါ၏။ မနေ့ကဆိုလျှင် အပြန် ဒီထက်ပင်နောက်ကျသေးသည်။ အဓိကကတော့ အိမ်ရှေ့စံကိုယ်တော်ကြီး လုပ်ကြံခံရသည့် ဂယက်နှင့် ဆက်နွယ်ကာ စစ်သည်တော် အတော်များများမှာ ညကင်းစောင့်ကြရရှာသည့်တွက် ဆရာတို့က အချိန်ညှိပေးရန် အစည်းအဝေးခေါ်ခြင်းသာ။ ဟိုသတ္တဝါလေးပင် မနေ့က ညကင်းကျသဖြင့် စိတ်တော်တော်ရှုပ်နေသည့်ဟန်နှင့် လာပြောရှာသား။ ဒီနေ့ရော ကင်းစောင့်တာဝန်ရှိလေလား၊ မရှိလေလား လာရောက်အသိမပေး။ ဒီပုံဆိုလျှင် တော်တော်တွေ မအားလို့ပဲနေမည်။

ယောဝေ တွေးချင်ရာတွေးပြီး ကျောင်းဆောင်လှေကားအတိုင်းဆင်းလာခဲ့သည်။ ရုတ်တရက်ဆိုသလို လှေကားအဆင်းထောင့်ရှိ ချောင်ထဲတွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိသဖြင့် ဖြတ်ခနဲလှည့်အကြည့်လိုက်မိပါသည်။ အချိန်ကိုက်ဆိုသလိုပင် ထိုတစုံတယောက်က သူ့အားနောက်မှ ခုန်အုပ်လာတော့သည်။ ဘေးသို့ရှောင်တမ်းရန် မဖြစ်နိုင်တော့သော ထိုအခြေအနေတွင် သူ့ ခန္ဓာကိုယ်က အလိုလျှောက်ဆိုသလို ဒူးကို ညွှတ်ကာ ထိုသူ၏ လက်ကိုဆွဲကိုင်လိုပါ၏။ ကြံ့ခိုင်လှသော ထိုလက်ရုန်းလက်ဖျံနှင့် ရင်နှီးသော အထိအတွေ့ကို ခံစားမိသည်တွင် ချက်ချင်းဆိုသလို လှုပ်ရှားမှုတို့ကို ရပ်တန့်ရန်ကြိုးစားလိုက်ပါ၏။ သို့သော်လည်း အချည်းနှီးသာ။ ဒင်းကား ကိုယ့်အရှိန်နှင့်ကိုယ် ကြမ်းပြင်ပေါ်သို့ ကျောနှင့်ကျသွားပြီဖြစ်ပါသည်။

"ဘုတ်"

"အင့်!"

ရှင်းဝဏ်မှာ မည်သူမျှမရှိသည်ကို အခွင့်ကောင်းယူကာ ချစ်ရသူကို နောက်ပြောင်ကျီစယ်လိုစိတ်ဖြင့် လှေကားအကွယ်လေးဝယ် ပုန်းအောင်းနေပါသည်။ နဂိုရည်ရွယ်ချက်အရဆိုလျှင် ဒင်းဆင်းလာလျှင် နောက်မှ ဖမ်းချုပ်ကာ ချောက်လှန့်မည်ပေါ့လေ။ သူ့တခုမေ့သွားသည်က သူ့ချစ်ရပါသော ထိုသတ္တဝါသည် တချိန်က ဘုရင်ကိုယ်ရံတော်ဖြစ်ဖူးသည်ဟူသော အချက်ပင်။ ယခုတော့ ကိုယ်အတတ်ကိုယ်စူးကာ ကျောပြင်တခုလုံးနာကျင်သွားရသည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now