"အမောင်??"
သံစဉ်တခုကဲ့သို့ နားဝင်ချိုလှသော အသံက သူ၏ နားစည်သို့ ရိုက်ခတ်လာတော့သည်။ အသံလာရာအရပ်ကို မှန်းဆကာ ဟိုဟိုဒီဒီကြည့်လိုက်လျှင် သူနှင့် အတော်လှမ်းလှမ်းနေရာတွင် ရှိနေသော လူသဏ္ဌာန်အရိပ်တခုကို တွေ့လိုက်ရသည်။ မြူမှုန်တို့က သူ၏ လက်တကမ်းအကွာအဝေးကိုပင် ဝေဝါးအောင် ကားဆီးနေသည့်တိုင် ထိုအရိပ်သဏ္ဌာန်သည် ပါးလျသော အချိုးအဆစ်ရှိသည့် အမျိုးသားတစ်ဦးဖြစ်မည်ဆိုသည်ကို အတွင်းစိတ်မှ သိ၍နေသည်။ ရုတ်တရက်ဆိုသလိုပင် ထို အရိပ်သဏ္ဌာန်သည် သူရင်ခွင်ထဲသို့ မျက်နှာအပ်လျှက် တိုးဝင်လာတော့သည်။ ဘာကြောင့်မှန်းမသိ... အမျိုးအမည်တပိရန် ခက်ခဲလှသည့် ခံစားချက်တို့က နှလုံးသားထဲသို့ တိုးဝင်လာသည်။ ထိုအမျိုသား၏ ထူးခြားသော အထိအတွေ့ကြောင့်လောဟုတော့မပြောတတ်ပါ။ ပြောရမည်ဆိုလျှင် သူ၏ ရင်ခွင်ကျယ်ပေါ်တွင် ခေါင်းနှစ်ထားသော ထိုအမျိုးသားသည် သူ မတူသော အိစက်ညက်ညောသော အထိအတွေ့တို့ရှိသူဖြစ်သည်။ ဤ ဇန်နိုရာတိုင်းပြည်တခွင်မှ
အမျိုးသမီးကြီးငယ်ဟူသမျှတို့ အားလုံးပေါင်းလျှင်တောင် သူ့ရင်ခွင်ထဲမှ အမျိုးသား၏ နူးညံ့မှုကို မှီမည်မထင်ပါပေ။"အမောင်ရယ် လွမ်းလိုက်ရတာ...."
ရှင်းဝဏ်မှာ ထိုအမျိုးသား၏ နာကျင်မှုတို့ဖြင့် ပြည့်ဝေနေပါသော ထိုအသံသြသြချိုချိုလေးသည် သူ့ရင်ထဲသို့တိုင် စူနင့်သွားစေပါ၏။ သို့ဖြစ်၍ ထိုနာကျင်မှုတို့ကို သက်သာစေစိမ့်သောငှာ ထိုအမျိုးသား၏ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပြန်လည်ပွေ့ဖက်လိုက်ပြီး သူ့ရင်ခွင်၌ ဖြစ်တည်သော နွေးထွေးမှုဖြင့် နှစ်သိမ့်လိုက်ပါသည်။ ထိုအမျိုးသား၏ နာကျင်မှုတို့သာ သက်သာပါလျှင် သူရင်ထဲသို့ အလိုမတူပါပဲ ကျူးကျော်ကာ နှလုံးအိမ်ကို နှိပ်စက်ကလူပြုကျင့်နေပါသော နာကျင်မှုတို့သည်လည်း သက်သာသွားပေလိမ့်မည်။ ဤသည်ကား အဓိပ္ပာယ်မရှိဟု ဆိုနိုင်ပါသော်ငြား သူ စိတ်ထဲမှ အလိုလို သိနေသည်ဖြစ်ရာ သူလည်း မည်သို့မျှ မတတ်နိုင်ပါ။
ယခုတောင်မှ ထိုအမျိုးသားငယ်၏ ကိုယ်သင်းနံ့က သူ၏ ထိန်းချုပ်နိုင်မှုကို တချက်ချက်တွင် ထိန်းချုပ်နိုင်မှု ကင်းမဲ့သွားစေသည်။ ထိုမျှမက ထိုရင်းနှီးလှသော ကိုယ်သင်းနံ့ခပ်ရှရှက သူ၏ အသိစိတ်တို့ကို ကင်းလွှတ်စေလျှက်...
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...