"... မင်းပြောတော့ဖြင့် ကာကွယ်မယ်ဆိုရဲ့။ အခုတော့ မင်းကိုယ်တိုင် ကိုယ်ထိလက်ရောက်တွေ ကျူးလွန်နေတယ်ပါ့။"အမျိုးသမီးတစ်ဦး၏ ရိသဲ့သဲ့စကားက ရှင်းဝဏ်၏ နားထဲသို့ တိုးဝင်လာသည်။ အသံရှင်မှာ အဝေးတနေရာမှ အသံလှိုင်းတခုဖြင့် ပြောသည့်ဟန်ရှိသော်ငြား စကားတို့က အနီးတွင်ကပ်ပြောသကဲ့သို့ ပြတ်ပြတ်ထင်ထင်ရှိလှသည်။ အထူးသဖြင့် အမျက်ဒေါသတို့သည်က အထင်အရှား။
"မင်း နှလုံးသားထဲက ချစ်ရသူဆို ... သူ့အတွက် မွေးဖွားလာသူဆို... "
အသံရှင်က ဆက်လက်ကာ စကားနာထိုးနေသည်။ မှတ်မှတ်ရရ ထိုအသံသည် လုပင်းယသူ ဇေဒါနှင့်တွေ့စဉ်ကလည်း ဒီအသံကို ကြားခဲ့ဖူးသည်။ တဖန် မလွန်နာမ်တွင်သတိလစ်မေ့မြောစဉ်ကလည်း ကြားရဖူးပြန်သည်။
"အမိက ဘယ်သူတုန်း?"
အသံရှင်က ခတ္တမျှ တိတ်ဆိတ်သွားပြီး သက်ပြင်ချသံသဲ့သဲ့ကြားမှ ဆိုလာသည်။
"အိမ်း.... မင်း ငါ့ကို မသိတော့တာ ဆန်းတော့မဆန်းပါတယ်။ ငါတို့က ဝိညာဉ်ဘဝမှာပဲဆုံဖူးတာကိုးကွယ့်။ ဒါကြောင့်လည်း အခုလို ဆက်သွယ်လို့ရနေတာပါ့။"
"ဘယ်လို...???"
သူ့မေးခွန်းမှာ ဆုံးခန်းမတိုင်လိုက်။ လက်ဖြောက်တီးသံအဆက်မပြတ်ကို ကြာလိုက်ရပြီးလျှင် ပုံရိပ်တချို့က အာရုံထဲတိုးဝင်လာသည်။
ချစ်ရသူက သူ၏ ရုပ်ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ချစ်သည့်စကားတို့ကို တဖွဖွရေရွတ်လိုက်၊ အနမ်းနုနုတို့ကျဲချလိုက်ဖြင့် အရူးတစ်ယောက်လို သူ့ရုပ်လောင်းကို နှိုးနေသည်။
"ယောငယ်ရယ် အမောင် ဒီမှာပါကောကွယ်။"
ရှင်းဝဏ်မှာ ချစ်ရသူ၏ မေးဖျားလေးကို အသာအယာ ဆွဲမရန် ကြိုးစားပါသော်လည်း ရုပ်မရှိသော ဝိညာဉ်ခန္ဓာသည် ရုပ်နာမ်တို့ဖြင့် ပြည့်စုံသော ချစ်ရသူအား ထိတွေ့ရန် မတတ်နိုင်သလို သူ့နှစ်သိမ့်စကားတို့ကိုလည်း ကြားစေခြင်းငှာ မစွမ်းပါချေ။ နောက်ဆုံးတွင်တော့ ဘဝခြားနေပြီဖြစ်သော ချစ်ရသူ၏ ရူးသွပ်မှုတစ်ပိုင်းအား ကူရာကယ်ရာမဲ့စွာဖြင့် လက်ပိုက်ကြည့်နေရပါ၏။ ထိုသို့ ကြည့်နေရင်းမှ စူးနစ်နာကျင်မှုတို့သည် တကိုယ်လုံးလောင်မြှိုက်လို့နေသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...