Chapter 33

4K 596 28
                                    

"ရောင်းရင်း လေမာန်သွေး ဘယ်နှယ့်ဖြစ်သတုန်း။ အခုပဲ ဂျုံးဂျုံးကျပြီး ပစ်လဲလေမလား ထင်ရရဲ့။"

ဂေးဆက်ပြောလည်း ပြောချင်စရာ။ ကိုယ်ခံပညာလေ့ကျင့်ရေး အခန်းမထဲမှ ထွက်လာသော လေမာန်သွေးမှာ ကိုယ်ကိုကိုယ်ပင် အနိုင်နိုင်သယ်နေရဟန်တူသည်။

"ကျုပ်တို့ကို လေ့ကျင့်ပေးတဲ့ ဆရာမလေး လုပ်ပုံကို ရောင်းရင်းတို့ မမြင်တာလဲ မဟုတ်တယ်။ ဒီေ လာက် သင်တန်းသားတွေ တစ်ခန်းလုံးပြည့်ပြီး လျှံထွက်မတတ်ကို သရုပ်ပြအကူလိုတာ ကျုပ်ချည်းပဲကော။ လွန်လွန်းပါ့။"

လေမာန်သွေးမှာ သင်တန်းပေးသည့် ဆရာမလေးကို မကျေမချမ်းဖြစ်စွာဖြင့် ရေရွတ်နေတော့သည်။ သူပြောသော သရုပ်ပြအကူဆိုသည်မှာ ဆရာက တိုက်ကွက်ပြသရာတွင် အရိုက်ခံကိုင်ပေါက်ခံဖြစ်သည်။ တနည်းအားဖြင့် သဲအိတ်နေရာတွင် အစားထိုးသရုပ်ဆောင်ရမည့် သူဖြစ်သည်။ မည်သို့ဖြစ်စေ သင်ကြားသည့် ဆရာတို့မှာ တိုက်ကွက်အသစ်တစ်ကွက်ပြသသင်ကြားတိုင်း သရုပ်ပြအကူ (ဝါ) သက်ရှိသဲအိတ်ကို လဲလှယ်လေ့ရှိသည်။ ဒါမှလည်း အကူအနေဖြင့် ခံသာမည်မဟုတ်လား။ ယခုတော့ သူတို့အား သင်ကြားပေးသည့် ဆရာမလေးသင်တန်းစပါပြီဆိုကတည်းက လေမာန်သွေးကိုသာ သဲအိတ်အဖြစ် ရွေးချယ်သည်ဖြစ်လေရာ လေမာန်သွေးခမြာ ထမင်းနှစ်အိုးကျက်မျှသော အချိန်အတွင်းဝယ် အကြိမ်ကြိမ်အခါခါ ထိုးကြိတ်ကိုင်ပေါက်ခံနေရတော့သည်။

"ကြည့်ရတာ ဆရာမလေးက ရောင်းရင်းကို ကြိတ်သဘောကျနေလားမှ မသိလေတာ။"

သောနက ဝင်ကာ အရွှန်းဖောက်လျှင် လေမာန်သွေးခမြာ မရှုနိုင်မကယ်နိုင် မျက်နှာမျိုးဖြင့်...

"တော်ပါ့ ရောင်းရင်း။ မဟုတ်မဟတ်တွေနဲ့ မနောက်ပါနဲ့ကော။ စကားနောက်တရားပါလေမှာ ကြောက်လှပါရဲ့။ တသက်နဲ့ တကိုယ် ကြင်ဖော်ကြင်ဖက်မတွေ့ရင် နေပါစေတော့။ ကျုပ်ကို အချိန်တိုင်း ကိုင်ပေါက်နေမယ့်သူနဲ့တော့ ဖူးစာမဆုံလိုပါတယ်။"

လေမာန်သွေး၏ စကားကြောင့် ဂေဆက်ကော သောနပါ ဝါးလုံးကွဲရယ်ပါတော့သည်။ ရှင်းဝဏ်ကတော့ ရောင်းရင်းများ၏ နောက်နောက်ပြောင်ပြောင်စကားကို ကြားလျှင် ပြုံးရုံသာပြုံးမိပါသည်။ ဤသည်ကို သတိထားသော ဂေးဆက်က....

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now