Chapter 27

4K 644 79
                                    


မြစ်ကမ်းနဘေးရှိ လျှောက်လမ်းလေးကတော့ အစောက အုံးအုံးကျက်ကျက်ဖြစ်နေသော မြို့လယ်ခေါ်နှင့် ဆန့်ကျင်ကာ တိတ်ဆိတ်ငြိမ်သက်၍ နေသည်။ လေလာတိုင်း ယိမ်းနွဲ့သွားသော မိုးမခကိုင်းလေးများက ညနတ်သမီးကို ဖျော်ဖြေနေသော ကချေသည်သဖွယ်။

"မောင်ရင် ကျုပ်အတွက်နဲ့ တော်တော်တော့ စိတ်အနှောင့်အယှက်ဖြစ်ရမယ်ထင်ရဲ့။"

ယောဝေက သူ့နဘေးမှ တိတ်ဆိတ်စွာပါလာသော ရှင်းဝဏ်အား စကားစလိုက်ပါသည်။ သာယာချိုလွင်သော်ငြား သြဇာရှိသော အသံက သူတို့နှစ်ကြားရှိ အေးခဲမှုတစ်ရပ်ကို ဖြိုခွဲလိုက်တော့သည်။

"ကျုပ် နားမလည်ပါကော အရှင်ယောဝေ။"

ရှင်းဝဏ်က ပြတ်သားစွာ ဆိုလိုက်ပြီး စကားမဆက်လိုကြောင်း အရိပ်အမွက်ပြလိုက်သည်။ ယောဝေမှာ ထိုအချင်းအရာကြောင့် သက်ပြင်းချလိုက်မိပါသည်။ ဒီသတ္တဝါလေး တမင်မသိသလို လုပ်နေသည်ကို သူ သဘောပေါက်ပါ၏။ သို့သော် ပြောလိုသည်ကိုတော့ အခွင့်ကြုံတုန်း ပြောမှဖြစ်လိမ့်မည်။

"ကောလွန်း ပြောပုံအရ ကျုပ်က မောင်ရင့်အပေါ်တော်တော် ဆိုးဆိုးရွားရွားဆက်ဆံခဲ့တာပဲကော။ တကယ့်ဆို သေချာတွေးမိရင် မောင်ရင့် အပြစ်မှ မဟုတ်ပါကော။ ဒါကြောင့် ကျုပ်အပြုအမူတွေအတွက် မောင်ရင့်ကို တောင်းပန်ချင်လို့။"

အရှင်ယောဝေထံမှ တောင်းပန်စကားကြားလျှင် ရှင်းဝဏ်၏ ခြေလှမ်းတို့မှာ တိခနဲ ရပ်သွားသည်။ သူများ နားကြားမှားသလား။ ဒီလောက်မာနကြီးလှသည့် အရှင်ယောဝေက တောင်းပန်သည်တဲ့လား။ မယုံနိုင်စရာတွေ။

"ဘာလို့တုန်း မောင်ရင်"

ယောဝေမှာ ရှင်းဝဏ်နည်းတူ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စူးစမ်းဟန်ဖြင့်မေးလိုက်သည်။

"အရှင်ယောဝေ... သေသေချာချာ ကျန်းမာသေးတာမဟုတ်တဲ့အချိန်မှာ အရင်ကအကြောင်းတွေကို လက်လွတ်စပယ် မဆွေးနွေးသင့်ဘူးထင်ရဲ့။ နောင်တခါ မှတ်ဉာဏ်အားလုံးပြန်ရချိန်မှာ ထပ်ပြီးစိတ်ခုစရာဖြစ်နေလိမ့်မယ်ကော။"

ရှင်းဝဏ် အရှင်ယောဝေ၏ တောင်းပန်မှုကို သွယ်ဝိုက်စွာ ငြင်းပယ်လိုက်ပါသည်။ မှတ်ဉာဏ်ပုံမှန်မရှိသူတစ်ယောက်၏ စကားကို အတည်မယူသင့်ဘူးမဟုတ်လား။ ထိုငြင်းပယ်မှုက လရောင်အောက်ဝယ် မြင်နေရပါသော ထိုမျက်နှာလှလှလေးအား ပျက်ယွင်းသွားစေသည်။ သူအနေနှင့် စိတ်မကောင်းဖြစ်မိသော်လည်း မတတ်နိုင်ပါပေ။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now