Chapter 16

4.5K 605 139
                                    

".... သိကြတဲ့အတိုင်းမယ် Vampire တွေနဲ့ သမန်းဝံပုလွေနဲ့ဆိုတာ ကမ္ဘာသာကျေမယ် ဥဒါန်းတော့မကျေဆိုမျိုးပါ့။ လွန်ခဲ့တဲ့ နှစ်ရာစုပေါင်းများစွာက အစဉ်အဆက်လို ဒီရန်ညိုးတွေကို လက်ကမ်းခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် တွေ့တာနဲ့ သတ်ကြဖြတ်
ကြ စစ်ပွဲတွေဖြစ်ကြနဲ့...။ နောက် Vampire တွေရဲ့ သဘာဝကိုကလည်း ကြံ့ခိုင်မှုမရှိဘူးရယ်။ ရုပ်ရည်အရကသာ ဖန်တီးသူ မယ်တော်သခင်မရဲ့ ချစ်သူ ရေနတ်သမီးလို လှပေမယ့် ခန္ဓာကိုယ်က တိုက်ခိုက်ဖို့လောက်ကို သန်မာမှုမရှိသလို သမန်ဝံပုလွေဆိုတာ ကျောက်ဘီလူးတွေနဲ့ ကွာခြားတာမဟုတ်လေတော့ ခွန်အားအရာမှာ မနိုင်နိုင်ဘူးကော။ တဖက်ကလည်း အစာအဟာရက ရရာနဲ့ မရှင်သန်နိုင်သလို မျိုးပွားနိုင်စွမ်းကလည်း နိမ့်လေတော့... နောက်ဆုံးမှာ Vampire ဆိုတာ မြို့လေးတစ်မြို့စာပဲ ကျန်ခဲ့လေတော့....။ အဲ့ဒီ့မှာပဲ ဒီအတိုင်းသွားရင် သမန်ဝံ့ပုလွေတွေကို မနိုင်ခင်မှာ မျိုးသုန်းတော့မယ်ဆိုတာရိပ်မိလာတော့ Demon ခေါင်းဆောင်ဖြစ်တဲ့ ဇန်နိုရာရဲ့ ပထမဆုံး ဧကရာဇ် ဗညားစင်္ဂကို Vampire မင်းမျိုးမင်းနွယ်ထဲက နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ဧကရီ သတ္တတာရာနဲ့ လက်ဆက်စေပြီး ဇန်နိုရာကို တည်ထောင်ထားတဲ့ မြေနေရာတချို့ကို လက်ဖွဲ့ခဲ့လေတယ်။ အပြန်အလှန်အနေနဲ့ ဆွေမျိုးဖြစ်သွားပြီဖြစ်တဲ့ Vampire တွေကို ကာကွယ်ဖို့အတွက် သမန်းဝံပုလွေတွေကို Demon တွေက တိုက်ပေးရလေရဲ့။ မက်ကာ မြို့ရှိတဲ့ တိုင်းဒေသခရိုင်ဟာ အရင်က သမန်းဝံပုလွေအပိုင်ပေါ့။ ဧကရာဇ် ဗညားစင်္ဂက အဲ့ဒီ့နယ်ကို သိမ်းယူပြီး ဇန်နိုရာကိုပါ နယ်မြေ ချဲ့ထွင်ပြန်တယ်။ အဲဒီ့အထိ ဇန်နိုရာဟာ ဒီလောက် မကျယ်ပြန့်သေးဘူး။ လွန်ခဲ့တဲ့ ရာစုရှစ်ခုက ဘုရင်မင်းမြတ် မက္ကရာဇာ လက်ထက်မှာ သမန်းဝံ့ပုလွေတွေနဲ့ စစ်ဖြစ်ပြီး တို့တွေဘက်က စစ်နိုင်လို့ရခဲ့တဲ့နယ်မြေတွေကြောင့် ဇန်နိုရာဟာ ဒီလိုအခြေအနေရောက်လာခဲ့လေတာ စာသင်သားတို့ရဲ့။ မှတ်တမ်းမှတ်ရာတွေ အရဆို ဇန်နိုရာဟာ စစ်ရုံးလုနီးနီးပဲ။ ဒါပေမယ့် မြောက်ပိုင်းက ကျောက်ဘီလူးတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့လို့ ကျောက်ဘီလူးတွေ အကူအညီနဲ့ အဲ့ဒီ့စစ်ကို နိုင်ခဲ့လေတာ။ အဲ့ဒီလို မဟာမိတ်ဖွဲ့နိုင်ဖို့ ဇန်နိုရာရဲ့ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ အကြံပေးအရာရှိဖြစ်လည်းဖြစ် ကိုယ်လုပ်တော်အဖြစ်သိမ်းယူထားတဲ့ ကြင်ယာတော် Vampire မျိုးနွယ် အတ္ထာယံမင်းသားကို ကျောက်ဘီလူးဘုရင်ဆီပေးခဲ့တာမှာတင် မူးမတ်တွေကြား အကြီးအကျယ် ဂယက်ရိုက်ခဲ့သေးတယ်။ နောက်တော့....."

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now