ရန်ကုန် အဝေးပြေးဝင်း တစ်နေရာ ။
လူတွေ ကိုယ့်အုပ်စုနှင့်ကိုယ် လိုရာခရီး သွားဖို့ရာ ယာဉ်ကို စောင့်ဆိုင်းနေကြသည်။
ဒါ့အပြင် ခရီးဆိုက်လာတဲ့ တခြားမြို့ရွာများမှ ခရီးသွားများလည်း ခြေခြင်းလိမ်နေလေသည်။
လက်မှတ်ဖြတ်ရန် စီတန်းနေတဲ့သူတွေလည်း ရှိသလို လက်မှတ်အရောင်းပွဲစားတို့၏ ကျယ်လောင်စွာ ခရီးသည် ခေါ်နေမှုကိုလည်း မြင်နေရသည်။
ကားပေါ်မှ အထုပ်ဆွဲကာ ဆင်းလာသော Gunရဲ့လက်ကို လူတစ်ယောက်က လာဆွဲပြီး အိတ်ကိုယူတာမို့ လန့်ဖြန့်ကာပင် အိတ်ကို ပြန်ဆွဲကာ ရင်ခွင်ပိုက်ထားလိုက်ရသည်။
"ညီလေး Taxi!!!"
"ဟာဗျာ လုတဲ့သူထင်လိုက်တာဗျ"
"Sor..sorry ပါညီလေးရာ "
"ရပါတယ်ဗျ ဒီလိပ်စာလေးအတိုင်း ဘယ်လောက်လဲ"
အဘမြပေးလိုက်တဲ့ လိပ်စာလေးကို ကားသမားအား ထိုးပေးပြီး ပြကာ မေးလိုက်သည်။
"(၉,၀၀၀)ကျမယ်ညီလေး ဒါပေမဲ့ (၇,၀၀၀)ပဲပေး "
"ဟာ သက်သက်ကြီးတော့ မလျော့ပါနဲ့ အစ်ကိုရ"
"တမင်လျော့ပေးတာ ညီလေးရေ အစ်ကိုလည်း အိမ်စောပြန်မလို့ မိန်းမက မွေးခါနီး ဖွားခါနီးကြီးမို့"
"အပြည့်ပဲ ယူလိုက် ဆရာသမားရေ တက်မယ် မောင်းတော့"
လျော့ပေးနေပေမဲ့လည်း ဘဘမြက မှာထားလေသည်၊ ရန်ကုန်မှာ မတော်မတရား ဈေးဆစ်မိတာတို့ ဘာတို့ဆို ခရီးသည်ကို တင်ခေါ်လာပြီး လမ်းကျမှ ပြဿနာဖြစ်တာတို့ ရိုက်တာတို့ လုယက်တာတို့တောင် ရှိတယ်တဲ့။
ငါလေး စွာလို့မဖြစ်ဘူး။
ဒါ ကိုယ့်မြို့ ကိုယ့်နယ် မဟုတ်ဘူး။
ရုပ်ကိုခပ်တည်တည် ထားကာ ကားနောက်ခန်းမှာ ဝင်ထိုင်လိုက်သည်။
တစ်လမ်းလုံး မပျင်းရအောင် လမ်းမှာ ရှိသမျှ ဈေး၊ ရပ်ကွက် ၊ shopping mallတွေပါမကျန် ရှင်းပြရင်း ကားမောင်းနေသည့် အစ်ကိုက အတော်လေး သဘောကောင်းကြောင်း သိလိုက်ရသည်။
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020