အပိုင်း(၂၇)
1.1K 94 4
"အဘမြ အဘမြ အိမ်ကြီးဘက်လာခဲ့ပါအုံးတဲ့"
"အေး အေး "
လုပ်လက်စ အလုပ်ကို ရပ်ကာ အိမ်မကြီးဘက်မှ လာခေါ်တာကြောင့် ထွက်လာခဲ့လေသည်။ ခြံပတ်ပတ်လည်မှာ လှည့်လည် သွားလာနေတဲ့ လက်နက်ကိုင် အဖွဲ့သားတွေက ဟိုမှ ဒီမှ သွားလာ စောင့်ကြပ်နေပါသည်။
"သခင်စစ်ဝ်မာန် အဘရောက်ပြီ"
"အာ ဘဘမြ ကျွန်တော်တို့ နောက်အပတ် ရန်ကုန်ဆင်းမယ်၊ လေယာဉ်နဲ့ပဲ ၊ တောက်လျောက် ကားလမ်းနဲ့ဆိုရင် မွှေး က မကျန်းမာသေးတော့၊ ခရီးကိစ္စတွေရယ် လက်မှတ်ကိစ္စတွေရယ် စီစဉ်ပေးပါအုံး၊ ပြီးတော့ ကျွန်တော် မရှိတုန်း ဘာသံညာသံ မကြားချင်ဘူး၊ သေသေချာချာ ဂရုစိုက်ပါ"
"စိတ်ချပါ သခင်စစ်ဝ်မာန်"
အိမ်မကြီးရဲ့ ဧည့်ဆောင်မှာတော့ သခင်ငယ်လေးကလွဲ လူစုံတက်စုံ ရှိနေလေသည်။ သခင်လေး ခွန်းငယ်သာ ရှိလို့ကတော့ အိမ်ကြီးရှင် သခင်မရဲ့ မျက်နှာလေးက ဒီထက်ပို ပြုံးပျော်နေမယ်ထင်ပါတယ်။
"သားကြီး လိုတာတွေ မကျန်စေနဲ့နော်"
"စိတ်ချပါ အန်တီငယ်ရဲ့ အားလုံးပြီးပါပြီ၊ စိတ်အေးလက်အေး သွားရပါစေမယ်"
"မွှေးရာ၊ မင်းတူက အရွယ်ရောက်နေပါပြီကွ၊ ငယ်ငယ်ကသာ တစ်နေရာသွားဖို့ဆို မွှေးကိုယ်တိုင် လုပ်ပေးရပေမဲ့၊ ဒီတစ်ခါတော့ သူတို့လက် အပ်ထားစမ်းပါ"
"ဟုတ်တယ် အန်တီငယ်ရဲ့၊ သားက စိတ်ချရပါပြီ၊ နော် ဦးငယ်"
"ဟုတ်ပါပြီတဲ့ရှင်၊ ကဲ လုပ်စရာရှိတာ လုပ်ကြ၊ အစ်ကို မွှေး နားတော့မယ်"
"လုပ်စရာရှိတာ လုပ်ကြတော့၊ တစ်ခုခုဆို မင်းတို့ သခင်လေးမှိုင်းကို ဆက်သွယ်၊ ကြားလား"
"ဟုတ်ကဲ့ပါ သခင်စစ်ဝ်မာန်"
သခင်မကို တွဲပြီး ပြုံးရွှင်စွာနဲ့ ထွက်သွားတဲ့ သခင်ကိုကြည့်ပြီး အဘမြနဲ့တကွ ဘဒင်တို့ပါမကျန် ရပ်ကြည့်နေရင်းမှ ပြုံးမိတော့သည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အထပ်မြင့် အဆောက်အဦးရဲ့ (၁၀)ထပ်မြောက်မှာ ဖွင့်ထားတဲ့ Cafe ဆိုင်ထဲတွင် စီးပွါးရေးအရ ဆွေးနွေးနေကြတဲ့ လူအချို့နဲ့ စုံတွဲ တစ်တွဲစ နှစ်တွဲစသာ ရှိသည်။ ခွက်ထဲမှ ပိုက်တံကို အကြောင်းမဲ့ လှည့်နေရင်း စုပ်သောက်လိုက်သည်၊ ပြီးနောက် ကိုက်ပြန်သည်။