အပိုင်း(၁၉)
1.2K 104 2
သားလေး အိမ်ကထွက်သွားတာ (၂)လကျော်နေပြီ။
ကျွန်မအတွက် ဆိုးဝါးတဲ့ ခံစားချက်ပဲ၊ ဘယ်တုန်းကမှ ခွဲမနေဘူးတဲ့ သားလေး၊ မိမိတို့ လူကြီးတွေ အတ္တထဲ မြေစာပင် ဖြစ်ရတာ။
"မွှေး ဘယ်လိုနေသေးလဲ"
အခန်းအပြင်က အစ်ကိုရဲ့ အသံကို ကြားလိုက်ရသည်။
စောင်ကို ခါးထိဆွဲခြုံကာ အခန်းဝကို ကျောခိုင်းလိုက်လေသည်။
အစ်ကိုနဲ့ အခုတစ်လော ထမင်းစားလည်း အတူတူ၊ ခြံထဲ လမ်းဆင်းလျှောက်လည်း အဖော်အဖြစ် အတူတူ လိုက်လျှောက်ပေးတဲ့ အစ်ကို၊ အရင်ကထက် ရင်းနှီးလာတဲ့ အနေအထားတစ်ခုမှာ ကျွန်မရဲ့ အပျော်တွေက လူမသိ သူမသိ၊ အစ်ကိုက ကျွန်မကို တစ်ချိန်လုံး ဥပေက္ခာပြုခဲ့တယ် မဟုတ်လား၊ ကျွန်မ ပျော်တာပေါ့၊ ဒါပေမဲ့ ကျွန်မ မယုံနိုင်သေးဘူး၊ အစ်ကို ကိုယ်တိုင်က သားလေးကို သတ်မလို ဖြစ်ခဲ့တာလေ၊ အခု ကျွန်မကို အယုံသွင်းပြီး သားကို ပြန်ဖမ်းမှာလား၊ ဟင့်အင်း မဖြစ်ရဘူး၊ ကျွန်မပျော်ရွှင်မှုနဲ့ သားလေးကို မလဲနိုင်ဘူး။
မျက်ရည်တွေ စီးကျလာရင်း မိမိရဲ့အတိတ်ကံလို့သာ ဖြည့်တွေးလိုက်ပါတယ်၊ သားလေးက အစ်ကိုသား အရင်းမဟုတ်သလို အစ်ကို့အရင် ချစ်ရသူရှိခဲ့တဲ့ ကျွန်မရဲ့ချစ်ခြင်းက အစ်ကိုနဲ့လည်း မထိုက်တန်တော့ပါဘူး၊ ကျွန်မတို့ ဒီလိုလေးပဲ နေသွားကြရတော့မယ် ထင်ပါတယ် အစ်ကို။
ကုတင်နားမှာ လာရပ်တာကို နောက်ကျောပေးထားပေမဲ့ ကျွန်မသိနေခဲ့ပါတယ်။
အစ်ကို့ရဲ့ ကိုယ်ပိုင်ရနံ့က ကျွန်မကို အမုန်းတွေကြားက ချစ်စေခဲ့သေးတာပဲ၊ ကျွန်မမှတ်မိတာပေါ့။
"မွှေး၊ ကိုယ်လေ သားလေးသတင်း ပြန်ရပြီသိလား၊ မှိုင်းပြန်လာတော့မှ သေသေချာချာ သိရမယ်၊ မွှေးက နေကောင်းအောင်နေပြီး ကိုယ်နဲ့အတူတူ မြေပြန့် ဆင်းရအောင် နော်"
ပုခုံးကို ခပ်ဖွဖွ ထိကိုင်ရင်း ကျွန်မအိပ်နေပြီအထင်နဲ့ ပြောနေတဲ့ အစ်ကို။
ကျွန်မသိချင်တာတွေကို မြိုသိပ်ရင်း သားကြီးလာမှ မေးလိုက်တော့မယ် အစ်ကို ၊ ခွန်းငယ်လေးကို တွေ့အောင် ရှာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် အစ်ကို။