အပိုင်း(၂၁)
1.1K 103 6
ဒီကလေး ငြိမ်နေတာကို လာစွနေတယ်။
"ခ်ခ်ခ်းးးဟား ဟား ခိခိခွိ....အ!!!"
လူကိုစနောက်ဖို့ပဲ သိတဲ့ ကလေးကို ခါးကနေလှမ်းဆွဲကာ Sofaပေါ် လှဲချလိုက်သည်။
ပြီးနောက် လက်ဖျံနဲ့ ရင်ဘတ်ကိုထိန်းကာ ကိုယ်တစ်ခြမ်းလုံး တက်ဖိထားလိုက်သည်။
"အစ် အစ်ကိုOff!!!"
မျက်နှာတစ်ခုက ကိုယ့်မျက်နှာနား တဖြည်းဖြည်း နီးကပ်လာတဲ့ ခံစားချက်က ဘယ်လို ပြောရမလဲ၊ စနက်တံဖြုတ်ထားတဲ့ ဗုံးတစ်လုံးကို ကိုင်ထားရသလိုပဲ၊ နှလုံးခုန်သံက တဒိန်းဒိန်း၊ အစ်ကိုOff ဒီအနေအထားကြီးမှာ ဘာလုပ်ချင်တာလဲ။
"စစ်ဝ်ခွန်းငယ် ကိုယ် ကိုယ်လေ"
မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်နေတဲ့ကလေးက မျက်လုံးအိမ်ထဲ ပြည့်လျှံမတက် မျက်ရည်ဥတွေ ဝိုင်းလာတာမို့ လူကအလန့်လန့်အဖြန့်ဖြန့်။
"က ကလေး ဘာ ဘာဖြစ်"
"မား မားကို သတိရလို့၊ စစ်ဝ်ခွန်းငယ်လို့ ခေါ်တာ မားကို သတိရသွားလို့"
"အာ ကိုယ် ကိုယ်ခေါ်နေကျအတိုင်းပဲ Gun Gun လို့ခေါ်တော့မယ် ကိုယ့်ကလေးကို ဝမ်းနည်းအောင် လုပ်မိပြီကွာ"
"အင့် ဟီးး!!!"
ပြောကာမှ မျက်ရည်တွေက ဖြိုင်ကနဲ ဖြိုင်ကနဲ ကျကာ တက်မတက် ရှိုက်လေတဲ့ ကလေးငယ်ကြောင့် လူက တက်ဖိထားရာမှ ထလိုက်ကာ လှဲရက်လေးအတိုင်း ကလေးကိုပါ တပါတည်း ဆွဲထူလိုက်သည်။
"မငိုပါနဲ့ ကလေးရာ၊ ဘာလို့လဲ ပြော ကိုယ်ဘာလုပ်ပေးရမလဲ၊ ကလေးအိမ်ကို လိုက်ပို့ပေးရမလား"
"အီး ဟီး Gun Gunလို့ခေါ်တဲ့ ပါးကိုလည်း အရမ်းသတိရသွားပြီ၊ ပါးက Gunကိုမုန်းပေမဲ့ Gunက Gunက ပါးကို လွမ်းနေတာ ဟီးအီးးး"
"ဘယ်ကဟုတ်ရမှာလဲ ကလေးရာ မိဘဆိုတာ သားသမီးကို ချစ်ကြတာကြီးပဲ၊ Gun ပါးးးဆို ငယ်ငယ်ကတည်းက ကျွေးမွေး စောင့်ရှောက်ခဲ့တာပဲ၊ အော်တာငေါက်တာ မရှိပေမဲ့ မျက်နှာကြီးတည်တင်းနေတက်တာ ပါးးး Style နေမှာပေါ့၊ ပါးက Gunလေးကိုချစ်ပါတယ်၊ ကိုယ်သိတယ်"