အပိုင်း(၁၆)
1.2K 111 6
"ဟမ်!!!ဘယ်လို ဘယ်လို တွေ့ပြီ ဟုတ်လား"
"ဟုတ်ပါတယ် သခင်လေး"
"ငါ့ကို လိပ်စာပို့လိုက် ငါလာခဲ့မယ်"
ကားသော့ကိုဆွဲကာ ဦးငယ်လူတွေ phဆက်ခေါ်ရာဆီ ထွက်လာခဲ့လိုက်သည်။
"တောင်!!!"
Messageသံကြောင့် Phကိုဖွင့်ကာ ကြည့်လိုက်တော့ ဘရိတ်ကိုနင်းမိကာ ကားကလမ်းလည်ခေါင်မှာ ရပ်တန့်သွားတာမို့ နောက်ကကားတွေက ဆဲရင်း ကျော်တက်သွားလေသည်။
မျက်လုံးအကြည့် မှားလေသလားဆိုကာ နောက်တစ်ခေါက် ပြန်ကြည့်တော့လည်း ဒီလိပ်စာပင်၊ ဒါ ဒါ ရိုးနောင် အိမ်လိပ်စာ မှတ်လား၊ ဘယ်လိုဖြစ်...ဟင် ဒါ ဒါဆို အိမ်မှာရှိနေတဲ့ ဟိုကောင်လေးက ငယ်လေးလား၊ အိမ်အကူဆိုတာ လိမ်တာပေါ့၊ အာ ငါကိုယ်တိုင်တောင် အိမ်အကူဆိုတာ မယုံခဲ့သေးတာပဲ၊ အဟား ငယ်လေးတောင် လူတစ်ယောက်ကို ဘယ်လို ပုန်းရမလဲဆိုတဲ့အသိ ရှိတဲ့အထိ အရွယ်ရောက်လာပြီပဲ၊ See you ငယ်လေးရေ ကိုကိုလာပြီ။
ကားမောင်းရင်း တွေးနေမိကာ လူကလည်း စိတ်မဆိုးတဲ့အပြင် ပြုံးစိစိ ဖြစ်လို့နေပါသည်။
ဒါဆို ရုပ်ဆိုးအောင်လုပ်ပြီး မိမိအနားမှာ ပတ်သွားနေတဲ့ အာ့ကလေးက ငယ်လေးပေါ့၊ အဟားးးးရုပ်ဆိုးလေးနဲ့ ချစ်မွှေးပါကွာ၊ ကိုကိုတော့ ရယ်ချင်နေတော့တာပဲ။
ဟိုအကောင် ရိုးနောင် ၊ ဒင်းကပါ အလိုတူ အလိုပါပေါ့လေ၊ သူငယ်ချင်းကို ငါ့ညီလေး ရှာပေးပါ အကူညီတောင်းမိပါတယ် ၊ သူကဖွက်ပါထားသေး၊ သောက်ကျင့်တစ်စက်မကောင်းတဲ့ Bff၊ နောက်စေ့ကနေ အသံတိတ်သေနတ်နဲ့ တေ့ဖြုတ်ခံရသလိုပဲ၊ ငါ့မှာတော့ ပူရပင်ရနဲ့၊ နေပါအုံး အကြောင်းမရှိဘဲ ရိုးနောင်တစ်ယောက် အဲ့သည်လို လုပ်စရာအကြောင်းမရှိပါဘူး၊ ငယ်လေးအပေါ် ရိုးမှရိုးရဲ့လား၊ ဘာလို့ဆို အိမ်အကူလေးလို့ အော်နေပြီး အမြဲတမ်း ပျာယာခတ်နေတက်တဲ့ ရိုးနောင်ကို ပြေးမြင်မိသွားတာကြောင့် မှိုင်းသွေးစောင့်တိုးသွားသလိုတောင် ခံစားလိုက်ရသည်။
ကားတံခါးကို ဖွင့်ဆင်းကာ ကြိုစောင့်နေသူတွေထံ ခြေလှမ်းကျဲကြီးဖြင့် သွားလိုက်သည်။