ခြံရှေ့မှာ ရပ်လိုက်တဲ့ ဂျစ်ကားသံကြောင့် မှိုင်းပြန်လာပြီဆိုတာ သိလိုက်သည်။
"အန်တီလေး ကျွန်တော် အကုန်ရလာတယ်"
လက်ထဲက ဆေးထုပ်တွေကို ကမ်းပေးရင်း ခုံမှာ ဝင်ထိုင်လိုက်သည်။
"အေး အေး သားကြီး၊ ခဏနားပြီး ရေချိုးတော့ သားညီလေး ပြန်လာတာနဲ့ ထမင်းစားကြမယ်"
"ဟုတ် အန်တီလေး"
"မှိုင်း ညကျ စာကြည့်ခန်းဘက် လာခဲ့အုံး"
"ဟုတ်ကဲ့ ဦးငယ်"
"""အီး ဟီး အီ အိ..... ကိုကို မသေရဘူး၊ ကိုကို !!! ကိုကိုရေ...Gun က Gunကြောင့် အစ် ဟစ်""""
"သားကြီး ဒါ ဒါ ခွန်းငယ် အသံ...??? သားငယ်လေး ဘာဖြစ်လဲ သွားကြည့်စမ်း"
"ငယ်လေး..!! ဟုတ်တယ်.... ဘာဖြစ်လာတာလဲ"
အိမ်ကြီးပေါ်ကနေ အပြေးဆင်းသွားသော မှိုင်းနောက်ကို လိုက်ဖို့ရာ ခွေကျသွားသော ခြေတစ်စုံကြောင့် ဒေါ်နန်းမွှေးတင် ကို ခင်ပွန်းဖြစ်သူက ဖေးကူပြီး ခေါ်လာရလေသည်။
မိဘတွေကို မြင်တော့မှ Gunတစ်ယောက် ပိုတိုး၍ အငိုသည်းလေတော့သည်။
"ပါး မားးးး.....အစ်.. ကိုကိုက ကိုကိုက Gun ကြောင့်!!!"
မိခင်ဖြစ်သူကို အပြေးဖက်ကာ ငိုတော့သည့် ညီငယ်လေးကို ခဏသာ ကြည့်နိုင်ပြီး ထမ်းပိုး သယ်လာရသည့် သူငယ်ချင်းဖြစ်သူထံ မှိုင်းမှာ အပြေးအလွှားကြည့်ရသည်။
နီးစပ်ရာ ကွပ်ပျစ်ပေါ်ချလိုက်ပြီး စစ်ဆေးကြည့်တော့ တော်သေးသည်ဟု ပြောရမည်။
"ဦးငယ် မြွေဆိပ်မိလာတာ... ဘဒင် ဘာလုပ်ခဲ့ပြီလဲ"
"ကျွန်တော်တို့ ရှေ့ဦးသူနာပြုနည်းနဲ့တော့ လုပ်ထားတယ် သခင်လေးမှိုင်း၊ မြွေဆိပ်က မကျန်သလောက်ပဲ"
ခြေကျင်းဝတ်မှာ သွေးအချို့ထွက်နေသေးတဲ့ ထိုးခွဲဒါဏ်ရာ၊ ခြေသလုံးအထက်ပိုင်းမှာတော့ အင်္ကျီစနဲ့ ခပ်တင်းတင်း စည်းနှောင်ထားတာကိုတွေ့လိုက်ရတာမို့ အနည်းငယ် စိတ်အေးသွားရသည်။
"အပေါ်ဘက်တွေ ရောင်နေပြီ၊ ဘဘမြ ဆရာဝန် ခေါ်ထားတာ ဘာတဲ့လဲ"
YOU ARE READING
أدب الهواة(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020