အပိုင်း(၂၆)
1.1K 98 6
အားလုံးပြီးစီးသွားသည့် အခန်းကျယ်ကို ဝေ့ဝဲ ကြည့်လိုက်သည်။ အင်း တော်တော် သေသပ်နေတာပဲ၊ ကျွန်တော်ကြိုက်သလို ကလေးလဲ ကြိုက်ဖို့ မျှော်လင့်ပါရဲ့။
စာကြည့်စားပွဲလေးပါ ပြင်ဆင်ပြီး ထည့်ထားသေးတယ်။ နောက်ပိုင်း ကလေးစိတ်ဝင်စားတဲ့ အရာလေးတွေ လေ့လာရာ နေရာငယ်လေးအဖြစ် ဖန်တီးပေးထားတာပါ၊ အခုကလေး စိတ်ဝင်စားရာက အချက်အပြုတ်နဲ့ မုန့်လုပ်တာ ဆိုပေမဲ့လို့ပေါ့။ လူဆိုတာ ပြောင်းလဲတက်တယ်လေ၊ ကျွန်တော်နဲ့အတူတူ လုပ်ငန်းပိုင်းတွေ ကူလုပ်မယ်ဆိုလည်း လေ့လာဖို့အတွက် နေရာလေးတစ်ခုတော့ လိုတယ် မဟုတ်လား။ တစ်ခုခုကို အာရုံစိုက်နေတဲ့အချိန် ကျွန်တော်က ဘေးနားကနေ အချိန်မရွေး ငေးကြည့်လို့ရတာပေါ့။ ဘယ်လိုလဲ ကျွန်တော်အကြံ ကောင်းတယ် မဟုတ်လား။
အခန်းထဲကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်သည်။ အားလုံးအဆင်ပြေနေမှ အခန်းပြင်ကို ထွက်လိုက်လေသည်။
"ရေချိုးအုံးမှပါ ကလေးကို သွားကြိုရမယ်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
Clap Clap...Clap...!!
ကျောင်းခန်းတစ်ခုလုံး လက်ခုပ်သံတွေနဲ့ ညံစီသွားပါတော့သည်။
"တော်တယ် Gun...မင်းလှိုင်ဘွား သားက ချိစ်တွေများတယ်နော်...cakeက အငံကဲသွားတယ်...ပုံလေးကတော့ လှတယ်၊ Gun လေးက အတော်ဆုံးပဲ၊ လာ ဆုလာယူပါအုံး"
ဆရာမပေးတဲ့ ဆုက Gun အရမ်းလိုချင်နေခဲ့တဲ့ Apronလေး။ အသီးပုံလေးတွေ ပြန့်ကျဲနေတဲ့ပုံလေးမို့ Gunလိုချင်တာလည်း ပါတယ်၊။ တစ်ကယ် ချစ်စရာလေး။
"Gun ပျော်နေတယ်ပေါ့"
"အင်း...ဒါကြီး ငါလိုချင်တာကြာပြီလေ"
"အွက် မင်းကိုယ်တိုင် မဝယ်နိုင်တာကြလို့၊ မင်းမဝယ်လဲ ကိုကိုဝယ်ပေးမှာပေါ့"
"ဟင် ဘယ်က ကိုကိုတုံး"
"မင်း ကိုကိုလေ"
လက်ထဲက ကိုင်ထားတဲ့ ပေါင်မုန့်ကို ပလုတ်ပလောင်း ဝါးရင်း ပြန်ဖြေသည့် မင်းလှိုင်ဘွား။ ဒိတ်ကနဲ တုန်သွားတဲ့ နှလုံးခုန်သံ ကျယ်ကြီးကို ကြားလိုက်ရသည်။ တစ်ကယ်ကို မေ့ထားတာ။ မတွေးမိအောင်ပေါ့ Gunတို့ မဖြစ်နိုင်ဘူးထင်တယ်။ Gun ဉာဏ်သေးသေးလေးနဲ့ တွေးမိတဲ့ အခိုက်အတန့်ပေါ့။ အချစ်က အရာရာကို ကျော်ဖြတ်နိုင်တဲ့အထိ ကြီးကျယ် မြင့်မြတ်နေသလား။ Gun အချစ်ဆိုတာကို မသိဘူး... သိလည်း မသိချင်ဘူး။ ဒါပေမဲ့ Gun အစ်ကိုOffနဲ့ တူတူရှိရင် ပျော်တယ်။ အရာရာကို မေ့ပြစ်လိုက်နိုင်တဲ့အထိ ပျော်တာ။ ဘာလို့လဲ ဆိုရင်တော့ အဖြေက ရှင်းပါတယ်၊ Gunရဲ့ ပျော်ရွှင်မှုတွေက အစ်ကိုOffနဲ့မှ စခဲ့တာမို့။ ငယ်စဉ်က အချစ်မခံခဲ့ရဘူးလို့ ခံစားခဲ့ရတာကြောင့်၊ အခုမှ ဂရုစိုက်ခံရတယ်လို့ ခံစားရတာကြောင့် Gun ဒီပျော်ရွှင်မှုထဲက ရုန်းထွက်နိုင်ပါ့မလားပဲ တွေးပူမိတယ်။ သေချာတာတာ တစ်ခုက Gun အစ်ကိုOffနဲ့ ခွဲပြီး မနေနိုင်ဘူး။