မဲမှောင်နေသော ဝန်းကျင်ကြောင့် ဘယ်အရာမှ ရှင်းရှင်းလင်းလင်း မမြင်ရ၊ မတွေ့ရ ဖြစ်နေသည်။
လွတ်မြောက်ဖို့ နည်းလမ်းတွေကို စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးတော့ ထွက်ပြေးခြင်းနည်းလမ်းသာ ရှာတွေ့ခဲ့သည်။
အနောက်ပါးက ခပ်ဆိုးဆိုး မျက်နှာတွေကြောင့် ပြေးနေရင်း ခြေလှမ်းတို့ကို အရှိန်တင်လိုက်သည်။
တစ်ကယ်ကို ကူကယ်ရာ မဲ့နေခဲ့လေသည်။ အလင်းရောင်မဲ့နေတဲ့ လမ်းမှာ အသက်လုရင်း ပြေးနေသလောက် ရှေ့ကိုတစ်လက်မပင် မရွေ့သည့် အနေအထားဖြင့် လူက မောပန်းလို့လာပါသည်။
ခပ်ပျပျ အလင်းရောင်လေးကို မြင်လိုက်ရတဲ့နောက် အားတင်ပြီး လှမ်းလိုက်လေသည်။
ကမ်းလာတဲ့လက်ကို လှမ်းဆွဲလိုက်ပေမဲ့ ထိမလိုလို မထိသလိုလို......!!!
"ကိုကို..!!!!!!!!!!!!!!!!!!!!"
"Gun...Gun...ကလေး!!!"
အတင်းလှုပ်နှိုးလိုက်မှသာ နိုးလာပြီး အသိစိတ်မကပ်သလို အော်နေသည့် ကလေးကြောင့် စိုးရိမ်မှုက အမြင့်ဆုံးထိ ထိုးတက်သွားလေသည်။
"ကိုကို ကိုကို!!! Gunက ကိုကို မရှိတော့ဘူး ထင်တာ"
"အိပ်မက်ဆိုးတွေပါ ကလေးရယ်၊ ကိုယ်က ကလေးမပါဘဲ ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်ထားတယ် ကလေး"
"ကိုကို သက်သာပြီလား"
"ဟုတ်ကဲ့ပါခင်ဗျ... ကိုယ်က သက်သာပါပြီ၊ ကလေးရော အိပ်ရေးဝပြီလား"
"အင်းးးးး ဘယ်နှစ်နာရီရှိပြီလဲ ကိုကို"
"(၁၁:၀၀)နာရီကျော်ပါပြီ ခင်ဗျ၊ ထတော့မလား ကိုယ့်ကလေး"
"ပါးနဲ့မားရော....!"
"စိတ်မပူပါနဲ့ ကိုယ်မနက်က ပြောထားတယ်၊ ကလေးနိုးမှ ယောက္ခမကြီးက သူ့ဆီ လွှတ်လိုက်ပါတဲ့"
"မားက???"
"အင်း!!!!!"
ခုတင်ဘေးနား ရပ်နေတဲ့ Offကို ခါးကနေ သိုင်းဖက်ထားသည့် လက်သေးသေးလေး တစ်စုံကြောင့် အလိုလို ပြုံးနေမိလေသည်။
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020