အပိုင်း(၃၀)
1.1K 96 11
Steering wheel ကိုကျင်လည်စွာ လှည့်ရင်း ကားရပ်နားမယ့် နေရာကို ဝေ့ဝဲကြည့်ရင်း ရှာလိုက်သည်။
ယနေ့နဲ့ဆို ကလေးမိဘတွေ ရန်ကုန်ရောက်နေတာ တစ်ပတ်ပြည့်တဲ့ နေ့ရက် ရောက်လို့နေပြီ ဖြစ်သည်။
ကုန်ဆုံးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ရဲ့ တန်ခိုးကြီးဘုရားတွေ၊ နာမည်ကြီး ဈေးဝယ်စင်တာတွေနဲ့ ကျိုက်ထီးရိုး ဘုရားဖူးပါ ကလေးမိဘတွေကို လိုက်ပို့ခဲ့သေးသည်။
"သား လာလာ၊ အန်တီတို့က မျှော်နေတာ"
Hotel အခန်းထဲရောက်တော့ ဧည့်နားနေခန်းမှာ ကျွန်တော် ထိုင်လိုက်သည်။ ဒီနေ့အဖို့ ကလေးကို မမြင်ရသေးသည်မို့ ကျွန်တော်အဖို့ စိုးရိမ်စိတ်တွေကို ဖယ်ပြီး ဒီနေရာမှာ ခဏထိုင်ဖို့ လိုအပ်လေသည်။ အရင်တစ်ပတ်ကတော့ ကိုယ့်ကိုယ်ကိုယ် confidentတွေ ရှိနေပေမဲ့လည်း အခုဆို ကျွန်တော် ဘဝက လမ်းပျောက်နေတဲ့သူ ဖြစ်နေလေသည်။ ယခုတစ်ပတ်လုံး ကောင်းတာတွေ လုပ်ခဲ့သည်။ ကောင်းတဲ့စကားတွေ ပြောခဲ့သည်။ ကူညီထိုက်သူတွေကို အကုန်ကူညီခဲ့သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်သည်ဆိုသည့် ဗုဒ္ဓအယူကိုလည်း တိတိပပလုပ်ခဲ့သည်။ အရင်က ဘုရားတရား မေ့နေခဲ့ပေမဲ့လည်း ကျွန်တော် ကြိုးစားခဲ့ပါသည်။ ဒါပေမဲ့ ကလေးနဲ့ ကျွန်တော်က လက်တစ်ကမ်းအကွာ မဟုတ်ဘဲ မြင့်မိုရ်တောင်ကြီးလောက် အမြင့်ပေကို ကျွန်တော်ကလေးက ရောက်နေသလို ကျွန်တော်က တောင်ခြေရဲ့ အရင်းမှာ ရပ်နေတဲ့သူလို ကွာဝေးလွန်းလှသည်။ ဒါတောင် ကလေးမိဘက သိသွားလျှင် ကျွန်တော်တို့ ပိုဝေးရမည်။ အခုတောင် ယောက္ခထီးကြီးက ကျွန်တော်အိမ်လာတိုင်း သူ့သားလေး ပါပါသွားလို့ သိပ်မကြည်ချင် ဖြစ်နေလေသည်။ မိဘတွေ သားသမီးကို ပိုးမွေးသလို မွေးကြတယ် ဆိုတာ ကျွန်တော် မျက်မြင် ဖြစ်ခဲ့လေသည်။ ကလေးကို သူ့မိဘတွေက အတော်ချစ်ကြလေသည်။
"သား သား"
"ဗျာ!!!"
လူက အတွေးလွန်နေသည်မို့ တစ်ကိုယ်လုံး တုန်တက်သွားလေသည်။
"ခွန်းငယ်လေး ခဏနေလာမယ်၊ သားကိုလည်း အားနာပါတယ်ကွယ်၊ သားကြီးခင်မျာ မင်းဦးလေးရဲ့ အလုပ်ကိစ္စတွေနဲ့ သွားလာနေရတော့ မအားရရှာဘူး၊ အငယ်လေး ကျောင်းကြိုရ ပို့ရနဲ့ အလုပ်များတဲ့သူကို ဒုက္ခပေးမိပြီကွယ်"