တစ်စက္ကန့်....
နှစ်စက္ကန့်.....
သုံးစက္ကန့်.....
ငါးမိနစ်......
ဆယ်မိနစ်.....
နာရီဝက်....!!!!
"အင့်...အစ်ကိုOff အသက်ရှူ ကျပ်လာပြီ လွှတ်ပါအုံး"
"ကိုယ်လွမ်းလို့ပါ...မှန်း ကိုယ့်ကလေး ပိန်လိုက်တာ"
Gun မျက်နှာလေးကို လက်နှစ်ဖက်နှင့် ညှပ်ပြီး ပင့်ယူကာ ကြည့်လိုက်သည်။
"အင့် အဟင့်....!!!"
"ဘာလို့ ငိုလဲ ကလေးရာ"
ကြည့်နေရင်းမှာပဲ မျက်ရည်ဥတွေ အလုံးလိုက် ပါးပေါ်ကျလာကာ ငိုရှိုက်လိုက်သည့် ကလေးကြောင့် ကျွန်တော် ပျာပျာသလဲ ဖြစ်သွားရသည်။
"ဝမ်းသာလို့... အခုလို အစ်ကိုOff လိုက်လာမယ် မထင်လို့"
"ကိုယ့်အမှားမို့ တောင်းပန်ပါတယ်...
ကိုယ်စောစော မလိုက်လာမိလို့ တောင်းပန်ပါတယ်...မငိုပါနဲ့ ကလေးငယ်၊ ကလေးမျက်ရည် တစ်စက်ကျတိုင်း ကိုယ့်ရင်တစ်ခါ ကွဲရတယ်၊ မငိုနဲ့နော် ကလေး တိတ်!!!""အွန်းးး Gun မငိုတော့ဘူး...တိတ်ပြီ"
မျက်ရည်တွေကို ပွတ်သုတ်ရင်း ပါးခြိုင့်လေးတွေ ခွက်ဝင်သွားတဲ့အထိ ပြုံးပြနေသော ကျွန်တော် ကလေးငယ်၊ ဒီလိုအပြုံးကိုလည်း ကျွန်တော် လွမ်းခဲ့တာ ကြာပြီဖြစ်သည်။
"အာ....အစ်ကိုOff"
ပါးလေးတစ်ဖက်ကို ဖွဖွပွတ်ရင်း လူကိုအတင်းတွန်းနေသည့် ကျွန်တော်ကလေးငယ်၊ လွမ်းလွန်းသည့် ပါးခြိုင့်လေးကို အနမ်းပေးမိသည်မှာ ကျွန်တော်အပြစ် မဟုတ်ဘူးလို့ ထင်မိပါသည်။ ဒါ့အပြင် ရှက်နေသည့် ကလေးပုံစံလေးကို မြင်လိုက်ရသည်မို့လည်း အနမ်းတစ်ခုအရင်းတည်ပြီး ကျွန်တော် အမြတ်များများ ရလိုက်သည် ဖြစ်သည်။
"လာ ထမင်းစားရအောင်"
"ထမင်းက အေးကုန်ပြီ ကိုကိုရဲ့...အပူနဲ့ လဲခိုင်းလိုက်မယ်လေ"
"ဘယ်လို ဘယ်လို...?"
"ထမင်းက အေးကုန်လို့ အပူနဲ့ လဲခိုင်းမယ် ပြောတာလေ...ဘာလို့လဲ"
YOU ARE READING
Fanfic(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020