အပိုင်း(၁၄)
1.2K 114 2
သိပ်မစောင့်လိုက်ရပါဘူး၊ ညနေ(၆)နာရီမတိုင်ခင် အထုပ်တွေ ဆွဲပြီး ဝင်လာတဲ့ ရိုးနောင်။
အိမ်ထဲကို ခပ်သုတ်သုတ် ဝင်လာကာ စောစောက phဆက်တုန်းကလည်း အသံက ချက်ချင်း ရေးကြီးသုတ်ပျာ ဖြစ်သွားသေးသည်။
"မှိုင်း Sorryကွာ...ငါ နောက်ကျသွားတယ်"
"ရပါတယ်ကွာ ငါလည်း အခြေအနေ လာမေးတာ"
"အေးအေး ခဏ ငါ ဒါတွေ နေရာသွားချ လိုက်အုံးမယ်"
အိမ်ထဲလည်း အရိပ်တောင်မတွေ့ရတဲ့ ကလေးကို မီးဖိုချောင်မှာလည်း မတွေ့ရတာမို့ အခန်းတံခါး သွားခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
ဂလောက်!!!
တံခါးက အသာလေး ပွင့်သွားပြီး လက်ကိုစောင့်ဆွဲကာ လူတစ်ကိုယ်လုံး အခန်းထဲ ရောက်သွားလေတော့သည်။
"Gun Gun...!!ဘာဖြစ်သေးလဲ မှိုင်း ဘာလုပ်သေးလဲ"
"အစ်ကိုOff...သိပြီးသားလား...Gunက ကိုကို့ညီဆိုတာ"
"အာ နေ နေအုံး ကိုယ်ပြောမယ်...Gunက မှိုင်းရဲ့ ပျောက်နေတဲ့ ညီလေးဆိုတာ ဟိုတစ်လောကမှ သိတယ်၊ ပြီးတော့ ဒီရက်ထဲ ကိုယ်လည်း အလုပ်ရှုပ်နေတာနဲ့ ၊ ကိုယ် ဒီနေ့ ပြန်လာရင် မေးမလို့၊ ဒီအတိုင်းကြီး မမေးချင်တာနဲ့ မုန့်လေးဘာလေး စားရင်းပြောမယ်ဆိုပြီး ၊ ဗိုလ်ချုပ်ဈေး ရောက်နေတုန်း အန်တီကြီးနဲ့ စကားပြောနေတဲ့ အချိန်မှ မှိုင်းက phဆက်တယ်၊ ကိုယ်လည်း စကားစက ဖြတ်မရ၊ Gunပစ္စည်းကို စောင့်ယူပြီး အပြေး ပြန်လာတာ၊ ဘာတဲ့လဲ မှိုင်းက သူသိသွားပြီလား"
"သိမှတော့ Gun အခုချိန်ထိ အခန်းထဲ ရှိပါ့မလား၊ ပါးးးလူတွေ ဖမ်းတာ ခံနေရလောက်ပြီ"
"Ok..Ok...အခု ကိုယ် ဘာလုပ်ပေးရမလဲ"
"ကိုကို့ကို အစ်ကို မေးတဲ့ပုံနဲ့ လူကြီးတွေ ကျန်းမာလားမေးပေးပါနော်၊ Gun ပါးနဲ့မားကို လွမ်းတယ်"
"ဟုတ်ပြီ ဟုတ်ပြီ၊ ကိုယ်ကြည့်ကျက် မေးပေးမယ်၊ ကလေးသာ ဒီထဲက ထွက်မလာနဲ့"
ခဏလို့ ပြောထားပြီးမှ နည်းနည်း အချိန်ယူလိုက်သလို ဖြစ်သွားရသည်၊ဒါ့အပြင် သူငယ်ချင်းဖြစ်သူ အလိုရှိနေတဲ့ သွေးသားညီရင်းက တံခါး တစ်ချပ်သာုခြားထားတဲ့ မိမိအိမ်ရဲ့ အခန်းထဲမှာ စောင်ကို လုံအောင်ခြုံပြီး ပုန်းနေတာများ သိသွားရင် သူငယ်ချင်းနှစ်ယောက် သေခန်းများ ပျက်သွားလေမလားဘဲ။