"သားရေ တာ့တာနော်၊ မနက်ဖြန် နေ့လည်စာစားချိန်ကြ တွေ့မယ်နော် ခွန်းငယ်"
"ဟုတ် မားးးး"
ညနေကတည်းက စကားတွေကောင်းနေခဲ့ကြကာ တည်းမယ့် ဟိုတယ်ဆီ ည(၉)နာရီမှ ထပြန်သည့် ယောက္ခလောင်းကြီးနဲ့ ရွှေယောက်ဖတော်။
ကားParkingထိ လိုက်ပို့ပေးပြီးမှ နှစ်ယောက်သား လေးလံသော ခြေလှမ်းများနဲ့ အပေါ်ထပ်ကို တက်လာလေသည်။ အခန်းထဲ ရောက်တဲ့ထိ နှစ်ယောက်သား စကားမဆိုဖြစ်။
ထိုအခြေအနေမှာပဲ ကျွန်တော်ကလေးက စတင် စကားပြောလာခဲ့သည်။
"အစ်ကိုOff ၊ Gun ဘာလုပ်ရမလဲ၊ ဟင့်အင်း Gunတို့ ဘာလုပ်ကြမလဲ၊ Gun Gun မသိတော့ဘူး"
တုန်လှုပ်စွာနဲ့ ထိုင်ချလိုက်တဲ့ Gun။ ကျွန်တော် ခပ်တင်းတင်း ပွေ့ဖက်လိုက်ပြီး အဖြေကို အပြေးအလွှား စဉ်းစားနေမိသည်။ ကလေးရဲ့ မိဘတွေသဘောကတော့ ဒီမှာ ရက်ပိုင်းနေမယ်၊ ကလေး သင်တန်းက တက်လက်စမို့ မထွက်ခိုင်းပေမဲ့ ခဏတဖြုတ် ခွင့်ယူပြီး ပြန်လိုက်ခဲ့ရမယ်။ ပြီးမှ ဒီသင်တန်း လက်ကျန်ကာလ (၂)လတာကို ပြီးအောင်တက်။ ပြီးတာနဲ့ ပညာတော်သင် သွားရမယ်။ နိုင်ငံမရွေးရသေးဘူးတဲ့လေ၊ ကလေးနဲ့ အဆင်ပြေမယ့် ဝါသနာပါတဲ့ ကျောင်းလေးကို ရွေးတက်ပါတဲ့။ ထိုစကားကို ပြောအပြီး မိဘနှစ်ပါးလုံးက ပြုံးရွှင်စွာနဲ့ သားဖြစ်သူကို ပွေ့ဖက် ရယ်မောနေသေးသည်။ အားလုံး ပျော်တပြုံးပြုံး ဖြစ်နေချိန်မှာ မပျော်နိုင်တာ ကလေးနဲ့ ကျွန်တော် (၂)ယောက်သာ ရှိမယ်ထင်ပါတယ်။
ထားပါ။ အဲ့ဒါတွေက နောက်။ အခုညက ကလေး ကျွန်တော်ဆီမှာ အိပ်တဲ့ နောက်ဆုံးညတောင် ဖြစ်သွားနိုင်တယ်။ တစ်ယောက်ယောက် ဂရုပြုမိသွားရင်ပေါ့။ ကျွန်တော်ကလေးက မနက်ဖြန်ကစပြီး သူ့မိဘတွေနဲ့ ပြန်တဲ့အထိ စားအတူ သွားအတူ နေရတော့မယ်။
"ကိုယ် ကလေးအတွက် ဝမ်းသာပါတယ်"
"အစ်ကိုOffက Gunကို မမြင်ချင်တော့ဘူးပေါ့..."
အဖျားခတ်သံလေးမှာ တိုးဖျော့သွားတာမို့ ကျွန်တော်ကလေး အဓိပ္ပါယ်ကောက် လွဲနေပြီ ထင်ပါတယ်။
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020