အပိုင်း(၁၃)
1.2K 114 7
အခုဆို ပတ်တီး ဖြည်ပြီးနေတဲ့ Gun က အရင်အတိုင်းပဲ အိမ်ကပန်းပင်လေးတွေနဲ့ အချိန်ကုန်လိုက် ထမင်းဟင်းချက်လိုက်နဲ့ အဲ ခုတစ်လောတော့ ဝါသနာ တစ်ခုတိုးလာပုံရတဲ့ Gunက Internetက မုန့်လုပ်နည်းတွေကြည့်ပြီး တစ်မျိုးပြီး တစ်မျိုး လုပ်စားနေတော့တာပါပဲ။
ပထမဆုံး စလုပ်တဲ့နေ့ကဆို ပူတင်း၊ ပူတင်း အဝါရောင်လေးရဲ့ အောက်ခြေ တစ်ဝက်လောက်က တူးသွားလို့ ပစ်လိုက်ရတာလေးပါပဲ၊ အမှန်က တစ်ကယ်စားကောင်းတယ်၊ ကျွန်တော် အခုဆို အကျင့်ပျက်နေရပြီ၊ ဒီကလေးမှ မဟုတ်ရင် ဘယ်သူလုပ်ကျွေးတာပဲဖြစ်ဖြစ် စားမကောင်းတော့ဘူး။
တူ တူ တူ...!!!
ခုလေးတင် Gunအကြောင်း တွေးနေတယ်၊ အခုချက်ချင်း Ph လာတယ်၊ အဟား...နောက်ဆို ခဏခဏ တွေးပေးရမယ်။
"Hello Gun"
"အစ်ကိုOff... ကျွန်တော်ကို ဒီနေ့ညနေ ဗိုလ်ချုပ်ဈေးက အန်တီကြီးတို့ ဆိုင်ကနေ မုန့်ထည့်မယ့် ခွက်သေးလေးတွေ (၂)sets ဝင်ယူခဲ့ပေး"
"ဟုတ်ပါပြီဗျာ...ဒါပဲလား"
"ဟုတ် ဟုတ်!!!"
ခေါင်းပါ တစ်ဆတ်ဆတ် ညိတ်နေမယ့် ကလေးစုတ်ကို မြင်ယောင်ပြီး နှုတ်ခမ်းက အလိုလို ပြုံးမိသည်။
"ဝက်သားကင် ဝယ်လာခဲ့မယ် ထမင်းတွေ အများကြီး မစားထားနဲ့"
"ကျေးဇူး ကျေးဇူး Gunစားချင်နေတာ အဟီး"
အမယ်...အသံထွက်အောင် ရယ်နေပြန်ပြီ၊ ဘယ်လောက်တောင် အသဲယားစရာ ကောင်းနေမလဲဆိုတာ သိနေတာမို့ အနားမှာ မရှိတာ နာသွားပြီ။
ညနေ ဝက်သားကင် အတူတူစားရင်းနဲ့မှ Gun ဟုတ်၊ မဟုတ် အတည်ပြုရမယ်၊ ဟုတ်တယ်ဆိုလဲ ဘာလို့လဲဆိုတာ သေချာမေးရမယ်။
"အင်း"
"တာ့တာ"
ph ချသွားတဲ့ထိ မျက်လုံးထဲ ပုံဖော်ကာ ထိုင်ခုံ နောက်မှီပေါ် ကျောတစ်ခုလုံး ပစ်ကပ်ရင်း ပြုံးပြုံးကြီး ဖြစ်နေလေသည်။
"ရိုးနောင် ရိုးနောင် အစ်ကိုလေး ရိုးနောင်"
"အာ အစ်ကို စိုးနိုင်"