ဒုန်း!!!
"အဲ့ဒီတော့ ဘာဖြစ်သွားပြီလဲ"
လွယ်အိတ်ကို အသံမြည်အောင် စားပွဲပေါ် ပစ်ချလိုက်သော မင်းလှိုင်ဘွား။
"အင်း အရင်နေ့တွေကထက်တော့ မခြောက်ကပ်တော့ပါဘူး၊ အစ်ကိုOffနဲ့ ငါ စကားပြောပြီ"
"ဟင် ဒီလောက်ပဲလား"
"အင်း"
"အဆင်ပြေတယ်လဲ ပြောသေး မနေ့ကထိ ကျောင်းပြေးနေတုန်းနော်၊ ဘာလဲ ကျောင်းပြေးတဲ့ အရသာကို ကြိုက်နေပြီလား"
"အဟင်း ဆိုပါတော့"
မချိပြုံးဖြင့် ပြန်ဖြေနေသည့် တစ်ဦးတည်းသော အရုပ်လူသားလေးကို ကျွန်တော်ဖြင့် အားမရပါဘူး၊ ဒီကကောင်တောင် သူဘာဖြစ်နေလဲ သိနေရပြီ၊ သူက အခုထိ မသိသေးဘူးဆိုတာ မဖြစ်သင့်။မနေ့တုန်းကလည်း သင်တန်းကိုမလာ။ အခုလည်း နယူးရီးယားကြီး ရပ်ကွက်ထဲက ကလေးတွေနဲ့ ကာလသားဟင်း ချက်စားမယ် ကြံစည်နေတဲ့ ကျွန်တော်ကို phဆက်ခေါ်တာမို့ အပြေးအလွှား လာရသည်။
"အဲ့ဒါနဲ့ မင်းအစ်ကို ချက်ကျွေးတဲ့ ညစာကို စားပြီး အခန်းထဲ ဝင်အိပ်လိုက်တာ မှတ်လား"
"ဟင် ဘယ်လိုလုပ်သိ"
"ဟ ဟား Gunရာ မင်းရုပ်ကြီး ကြည့်ရင် သိပါတယ်ကွ၊ ဒါနဲ့များ အဆင်ပြေနေပြီတို့ ဘာတို့ လာပြောနေသေးတယ်"
"ငါလည်း ဘယ်လို အဆင်ပြေအောင် နေရမလဲ တကယ်ကို မကြံတက်တော့တာ၊ ငါ ငါ အစ်ကိုOffနဲ့ အရင်လိုပဲ ပြန်နေချင်တာ"
"ဘာလဲ မင်းနေမကောင်းရင် ဂရုစိုက်မယ့် အရင်ကအစ်ကိုOff၊ မင်းမပြောလည်း အတင်းလက်ဆွဲပြီး လိုတာလိုက်ဝယ်ပေးမယ့် အစ်ကိုOff၊ မင်းချက်တာမှန်သမျှ ခေါင်းမဖော်တမ်း စားမယ့် အစ်ကိုOff၊ မင်းနားကို ဘယ်သူကပ်ကပ် အရင်လို တွန့်တိုမယ့် အစ်ကိုOff ၊ ဟုတ်တယ်မှတ်လား"
ကျွန်တော် မေးလိုက်သမျှက Gunအရှိုက်ကို ထိသွားတဲ့ပုံပင်၊ တကယ်ကြီး မပျော်ရွှင်တဲ့ရုပ်နဲ့၊ ချစ်စရာ့သူငယ်ချင်းလေး စိတ်မပျော်တော့ ကျွန်တော်ကပဲ ကြံပေးရတော့မှာပေါ့။
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020