"Gun ....Gun..."
တစ်အိမ်လုံးကို ကွဲအောင် အော်ခေါ်လိုက်မိသည်၊ ပြုတ်ကျတယ် ဆိုတာပဲ ကြားလိုက်ပြီး လူက နောက်ဆက်တွဲတွေ ဘာမှမသိတော့၊ ကားကို ဘယ်လိုမောင်းလာလို့ အိမ်ကို ဘယ်လိုရောက်လာမှန်း မသိတော့။
"ဒီ ....မှာ"
အနောက်ဘက်က အသံက အားတင်းပြီး အော်လိုက်ပေမဲ့ ကျွန်တော် ကြားတယ်ဆိုယုံလေး။
ပြေးသွားတော့ ထမင်းစား စားပွဲရှည်ဘေးကခုံမှာ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ Gun၊ ဘေးနားမှာလည်း ကွဲနေတဲ့ မီးလုံးအစအနတွေရယ် ၊ လဲနေတဲ့ လှေကားတိုလေးတို့ကလည်း ရှုတ်ယှက်ခတ်နေသေးသည်။
ချက်ချင်းပင် ဒူးတစ်ဖက်ထောက် ထိုင်လိုက်ကာ ခြေထောက်ကို ဆွဲယူကြည့်တော့ ဖြူဖွေးနေတဲ့ အရည်ပြားမှာ ညိုပုတ်ပုတ်အရောင်နဲ့ တစ်ချို့နေရာတွေက နီနေသေးသည်။
"အ!!နာတယ်"
Gunအော်သံကြောင့် ခြေဖဝါးကို ခပ်ဖွဖွကိုင်ရင်း မော့ကြည့်မိသည်၊ ဒီကလေး အတော်နာနေမှာပဲ၊ မျက်ရည်လဲ့နေပေမဲ့ မာန်လေးတစ်ခုက တင်းခံနေပုံရသည်၊ စိတ်ညစ်နေသည့်ကြားမှ ပြုံးမိသွားသည်။
"ကျွန်တော်နာနေတာ အစ်ကိုOffက ရယ်နေတာလား"
"အာ မဟုတ်ဘူး ၊ ခဏ"
အဝတ်သန့်တစ်ခုကို အခန်းထဲက သွားယူကာ ခြေထောက်ကို ခပ်ဖွဖွ ပတ်လိုက်သည်။
ကိုယ်ကိုကိုင်းကာ ခါးနေရာကို လက်လျိုလိုက်တော့ Gun တို့ အသံပြဲအောင် အော်တော့သည်။
"အား အ နာတယ် အစ်ကိုOff"
"ဟောဗျာ...ဘယ်နားနာနေသေးလဲ ပြစမ်း"
ကိုယ်ကိုဆွဲလှည့်ကာ အင်္ကျီနောက်ကျောကို လှန်လိုက်တော့ ကျောဘက်မှာ အညိုအမဲစွဲနေလေသည်။
"ကျောနဲ့ခုံနဲ့လည်း စောင့်မိသေးတယ်"
"Gunရာ"
ယူကျုံးမရသလို အသံကြောင့် မိမိအရှေ့မှာ ကျောပေါ်တင်ဖို့ ထိုင်ကာစောင့်နေတဲ့ အစ်ကိုOffကို ကြည့်နေမိသည်။
ကျောပေါ် ခပ်နွေးနွေးကိုယ်လေး ရောက်လာတော့ လက်နောက်ပြန် သိမ်းပွေ့ထိန်းလိုက်ပြီး ထရပ်လိုက်ကာ ကားဆီကို သွားလိုက်သည်။
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020