စံအိမ်ထဲ လူတွေ အုပ်စုလိုက် အုပ်စုလိုက် သွားလာနေသည်။
အားလုံးရဲ့ မျက်နှာပေါ်မှာက အရယ်အပြုံးမရှိ တည်တင်းနေတဲ့ အနေအထား။
"သခင်စစ်ဝ်မာန် ကျွန်တော်တို့ ဂိတ်တွေ ပိတ်ထားတာတောင် လုံးဝရှာမတွေ့ဘူး"
"မင်းတို့ကောင်တွေ ဘာအသုံးကျလဲ ဟမ် အခုပဲ တစ်ပတ်ကြာသွားပြီ တောက်စ်"
အနားမှာ ရပ်နေတဲ့ လူတစ်စုဟာ ဆိုရင်ဖြင့် တုတ်တုတ်မလှုပ်ပဲ အသက်ရှူသံတွေပါ တိတ်ဆိတ်သွားသည်။
လှုပ်တာနဲ့ သေနတ်ပြောင်းက ကိုယ့်ခေါင်းကိုရွေးသွားမယ်ဆိုတာလည်း သိနေသည်မို့။
"မင်းတို့ ရှာစမ်း ငါ့ကို အသားနာအောင် လုပ်သွားတဲ့ ဖမစစ်သားကို ငါကိုယ်တိုင် အသေသတ်ပြစ်မယ်...အေး မတွေ့လို့ကတော့ မင်းတို့ခေါင်းတွေ ပြောင်းမရွေးဘူး ကြိုက်တာကြည့်ထား ဒုန်း!!!"
နံရံပေါ် အလှဆင်ထားသော သေနတ်ပြောင်း အမျိုးမျိုးက ရပ်နေသူ လူတစ်စုကို ခြောက်လှန့်နေသလို ထိုလူတစ်စုမှာလည်း နဖူးပေါ်မှချွေး လည်ပင်းထိ တတောက်တောက် ဆင်းနေလေသည်။
"ခွန် တောင်ပေါ်ဘက် ရှာလို့မှ မတွေ့ရင် မြေပြန့်ထိ ဆင်းရှာ နောက်ဆုံး မရရင် မြန်မာ တစ်နိုင်ငံလုံးရှာကွာ ငါ့ခေါင်းတော့ ကျည်ပေါက်မဖြစ်ချင်သေးဘူး"
"ဟုတ်ကဲ့ သခင်လေးမှိုင်း"
နှုတ်ဆက်ထွက်ခွာသွားသူ အခန်းဝကို ကျော်သွားတော့မှ ဦးလေးဖြစ်သူရှိရာ တစ်ဖက်ခန်းကို ကူးလာလိုက်သည်။
"ဦးငယ်!!!"
ကျွန်တော်ကိုလည်း မကြည်ကြည့်နဲ့ ကြည့်လာတဲ့ ဦးလေးကြောင့် ဒီတစ်ခါ အင်မတန်ကိုမှ ဒေါသထွက်နေကြောင်း သိနိုင်လေသည်။
တခြားသူတွေထက် ကျွန်တော်ကို ပိုဂရုစိုက်တက်တဲ့ ဦးငယ်၊ ယုတ်စွအဆုံး ယူထားသောဇနီးသည်ထက်ပင် အချစ်ပိုလေသည်မို့ ကျွန်တော်လည်း ဦးငယ်ကို ချစ်ရပါသည်။
ပြီးတော့ ငယ်လေး ၊ ငယ်လေးက ဘာလို့ ဖအေကို သေနတ်နဲ့ပစ်ပြီး အိမ်ကထွက်ပြေးရတာလဲ?
YOU ARE READING
Fanfic(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020