မိုးငွေ့သက်တွေ ပျံ့လွင့်နေတဲ့ ရာသီဥတုက နေရောင်ခြည်ပျပျ ရှိနေပေမဲ့လည်း စိမ့်သက်နေဆဲ။
ပူရင်လည်း ဘယ်နားနေနေ ပူလွန်းပြီး၊ မိုးဆိုလည်း ပြိုကျမတက် ရွာတက်သည့် ရန်ကုန်မိုးက ဒီဇင်ဘာထိ ရွာတက်သေးသည်။
မန္တလေးထိ လာကြိုတဲ့ အစ်ကိုစိုးနိုင်ကြောင့် ကျွန်တော်တို့ ခရီးမပန်းဘူးလို့ ဆိုရမည်။
မင်းလှိုင်ဘွားပါ ပါလာတော့ လေးဦးသား မန္တလေးရဲ့ အထင်ကရ နေရာအချို့ကို သွားရောက် လည်ပတ်ကြသေးသည်။
မှတ်မှတ်ရရ ဦးပိန်တံတားပေါ် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လျှောက်ခဲ့ရတဲ့ ခံစားချက်က တစ်ကယ်ကို ပျော်ခဲ့ရပါသည်။
တံတားတစ်ဝက်လောက်ရောက်တော့ ကျွန်တော်ဂျစ်ပွေးလေး Gun က မလျှောက်နိုင်ဘူးဆိုလို့ ကျောပိုးခဲ့ရတာလေးက အမှတ်တရကြီး တစ်ခုပင် ဖြစ်နေလေတော့သည်။
ကျွန်တော်တို့ မန္တလေးမရောက်ခင်က ဦးပိန်တံတား ရေမြုပ်နေတဲ့အထိ ရေတက်နေခဲ့လေသည်။
ကျွန်တော်တို့ပဲ ကံကောင်းတာလားတော့မသိ၊ ရေကျရက်နဲ့ တိုးနေတာမို့ လာရောက်လည်ပတ်သူတွေလည်း စည်ကားနေခဲ့တဲ့ ဦးပိန်တံတားပေါ် မိုးအငွေ့အသက်လေးတွေနဲ့အတူ လေးဦးသား သက်ဆိုင်သူလက်ကို မြဲမြဲတွဲရင်း အမှတ်တရ ဖန်တီးခွင့် ရခဲ့လေသည်။
တစ်ကယ်ကို အိပ်မက်ယောင်နေတဲ့သူလိုမျိုး ခဏခဏ အတွေးဝင်မိတဲ့အထိ ကလေးက ကျွန်တော်နဲ့အတူတူဆိုတာ မယုံကြည်နိုင်လောက်တဲ့အထိ ပျော်နေခဲ့ပါသည်။
အိမ်အပြန်လမ်းခရီးက တစ်ကယ်ကို အဓိပ္ပါယ်များစွာ ရှိတဲ့ လမ်းခရီးတစ်ခုအဖြစ် ကျွန်တော်ကလေးက စွမ်းဆောင်နိုင်ခဲ့လေသည်။
"ရိုးနောင် အခု ဘာဆက်လုပ်မယ် စဉ်းစားထားပြီးပြီလဲ"
ကားနောက်ခန်းထဲမှ ချစ်စဖွယ် ကောင်ငယ်လေးရဲ့ ခေါင်းကို ပုခုံးပေါ် တိတိပပတင်လိုက်ရင်း ကုတ်အင်္ကျီကို လွှမ်းခြုံပေးနေတဲ့ လူရွယ်ကို စိုးနိုင် စကားစလိုက်သည်။
"စီစဉ်ထားတယ်၊ အိမ်ရောက်ရင် အစ်ကိုနဲ့ ကျွန်တော် တိုင်ပင်စရာတွေ ရှိသေးတယ်"
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020