ဖျပ်ကနဲ လူရိပ်လေး။
မှေးကနဲ ဖြစ်သွားတဲ့ မျက်လုံးကို ပွတ်ရင်း ပိတ်ထားတဲ့ တံခါးရှေ့ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် အိပ်ချင်စိတ်ကို ထိန်းလိုက်သည်။
"ဘဒင် အခြေအနေ"
"အေးဆေးပဲ အာစရိခွန်ဆိုင်း"
"အေးအေး ...ခဏနေ လူလဲမှာ မဟုတ်လား"
"ဟုတ်ကဲ့ အာစရိ"
အာစရိ ထွက်သွားပြီးမှ ဘဒင်စိတ်ထဲ တစ်မျိုးဖြစ်တာမို့ အဆောက်အဦးတံခါးကို ဖွင့်လိုက်သည်။
ဟောခန်းကျယ်ထဲက ကုတင်ထက် စောင်လေးက သပ်သပ်ရပ်ရပ် ခေါက်ကာ ကုတင်ခြေရင်းမှာ။
ဘေးဘီ ဝေ့ကြည့်တော့လဲ ဘယ်ထောင့်မှာမှ မရှိ။
"ဟာ!!! သခင်ငယ်လေး....ဘယ်ရောက်သွား....သေပြီ သေပြီ ငါတော့"
အိမ်ကြီးဘက်ကို တစ်ဘုန်းဘုန်းမြည်အောင် ပြေးသွားလိုက်တော့ မနက်က မလင်းခင်လေး။
အာရုံဆွမ်းလောင်းပြီးလို့ အိုးခွက်တွေ သိမ်းနေကြတဲ့ အလုပ်သမားတွေကို ရှောင်ရှားကာ အိမ်မကြီးဘက် ပြေးလာလိုက်သည်။
"သ သခင် ...."
"သရဲတစ္ဆေတွေ့လာတာလား မင်းရုပ်က ဘာလဲ"
သခင်ရဲ့ ခပ်တင်းတင်း မျက်နှာထားကြောင့် လူက ထစ်ထစ်အအ ဖြစ်သွားရသည်။
"ဟို ဟို သခင်ငယ်လေး သခင်ငယ်လေး မရှိတော့ဘူး"
"ဘာ!!!"
"သေ သေချာ ရှာပြီးပါပြီ ဒီမနက် အစောင့်လဲတော့ မတွေ့တော့တာပါ သခင်"
"ခွန်ဆိုင်း ခွန်ဆိုင်း လူဆယ်ယောက်လောက်ခေါ်သွား တောနင်းရှာစမ်း၊ အဘမြက ခြံထဲတွေထိ ဆင်းရှာပေး ဒီကလေး ဘယ်ထိပြေးမှာလဲ"
အာစရိခွန်ဆိုင်းနောက်ကို အပြေးလိုက်ကာ ခြံအပြင်ဘက်က မြို့ထဲသွားရာလမ်းအတိုင်း ဖြန့်ကျက်ပြီး ရှာကြသည်။
ကားဂိတ်တွေကိုလည်း အပြေးအလွှားရောက်ခဲ့ကြပေမဲ့ သခင်ငယ်လေးကို အရိပ်အယောင်ပင် မတွေ့ခဲ့ကြ။
YOU ARE READING
Fanfic(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020