အပိုင်း(၃၁)
1K 94 10
"ခွက်!!!ဒုန်းးးးးးးးး"
တံခါးဖွင့်ဖွင့်လိုက်ချင်းမှာပဲ ပြင်းထန်တဲ့ ထိုးချက်တစ်ခု မျက်နှာပေါ် ကျရောက်လာသည်။
အလစ်အငိုက်မိသွားသည်မို့ လူက ခြေပစ်လက်ပစ် အခန်းနံရံနှင့် ပြေးဆောင့်မိလေသည်။
"အစ်ကို Off!!!!"
"အငယ်လေး လာစမ်း"
Gun လက်ကိုပါ ပြင်းပြင်းထန် ဆွဲယူသွားသည်မို့ လူတစ်ကိုယ်လုံးက ငှက်မွှေးလေးလို ပါးးး နောက်ပါသွားလေသည်။
"မားးးးးး!!!"
မားကတော့ ကျွန်တော်ကို ဘာမှမပြောဘဲ အသာလေး ပွေ့ဖက်ကာ ကျလုနီးပါးမျက်ရည်တွေကို အားတင်းကာ သိမ်းထုတ်ထားရသည့် ပုံစံ ဖြစ်နေလေသည်။ ဟင့်အင်း... နီရဲနေသည့် မျက်နှာ အနေအထားကြောင့် ငိုပြီးသွားသည်ကို ဖော်ပြနေလေသည်။ Gun ဘာမှ စဉ်းစားမရဘဲ ဖြစ်နေရသည်။ ဒါ ဘယ်လိုအနေအထားကြီး ဖြစ်နေသည်လဲ?
"ရိုးနောင်!!! မင်းကို အန်ကယ်လ်တို့က တစ်ကယ်ယုံကြည်လို့ သားလေးကို အပ်ထားတာလေ၊ မင်းက ယုံကြည်မှုကို အလွဲသုံးစား လုပ်လိုက်တယ်ပေါ့...တောက်စ်!!!"
ပါးးး ဒေါသကို သိနှင့်နေတဲ့ Gun က ကြောက်နေသည်ကလွဲ ဘာတက်နိုင်အုံးမှာတဲ့လဲ?
"ကျွန်တော် တစ်ခါမှ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ဖူးဘူး အန်ကယ်လ်"
နှုတ်ခမ်းထောင့်က စပ်ဖျင်းဖျင်းနေရာကို လက်နဲ့စမ်းရင်း Off ပြန်ပြောနေမိသည်။
"အေး... မင်းကငြင်းနေမှတော့ ပြောပြရသေးတာပေါ့၊ လွန်ခဲ့တဲ့ (၃)နာရီတုန်းက မင်းတို့ဘာလုပ်နေလဲဆိုတာ မမှတ်မိတော့ဘူးပေါ့ ဟုတ်လား၊ တောက်စ်!!!"
"ပါးးးး အဲ့ဒါက"
"သားငယ် မင်းဝင်မပါနဲ့"
ဖခင်ဖြစ်သူကို ဖြေရှင်းရန် စကားစလိုက်ပေမဲ့ ဘယ်လိုမှ ဝင်ဖြန်ဖြေလို့မရ ဖြစ်နေလေသည်။
"လူသားနှစ်ဦး ချစ်ကြတဲ့ နေရာမှာ ဘယ်အရာက မှားတယ်လို့ ဆိုလိုချင်တာလဲ အန်ကယ်လ်"
"မင်း မင်း... အေး မင်းက ငြင်းစရာ မရှိတဲ့ ယောကျာ်းတစ်ယောက်ဆိုတာ အန်ကယ်လ် လက်ခံတယ်၊ အန်ကယ်လ်သာ သမီးလေးရှိရင် သားမက်တော်မိမှာပဲ၊ ဒါပေမဲ့ အန်ကယ်လ်က သားမွေးထားတာ၊ သားမှ သူများအိမ်ရဲ့ မျိုးဆက်ကို ဖန်တီးပေးနိုင်တဲ့ သားကို မွေးထားတာ၊ အခုက အခုက...ဟာကွာ...ခွက်!!!"