ရေခဲတုံး ထည့်ထားတဲ့ ရမ်ကိုသောက်နေရင်း ဆတ်သားခြောက်ကို ဝါးလိုက်သည်။
"အော်!!!"
ဇနီးဖြစ်သူက ခင်ပွန်းသည် အရက်သောက်နေတာတောင် "အော်" တစ်လုံးကလွဲ ဘာစကားမှမဆို၊ စိတ်ဝင်စားမှုကင်းမဲ့တဲ့မိန်းမ၊ အသည်းနှလုံးမရှိတဲ့မိန်းမ။
"ဘုရားမကြိုက်တဲ့အရည်တွေ သောက်နေတာ မင်းယောကျာ်းငါ ကြိုက်လို့ကွ"
ဒေါ်နန်းမွှေးတင်တစ်ယောက် ပြောချင်စိတ်တွေကုန်ခမ်းရတာမို့ မနက်ဖြန်အလှူအတွက် ချက်ပြုတ်နေတဲ့ မီးဖိုချောင်ကို ဝင်သွားလိုက်ကာ စီစဉ်စရာရှိသည်တို့ကို စီစဉ်နေလိုက်တော့သည်။
"မူမူရေ အန်တီကို အာလူးအိတ်ထဲက တစ်တောင်းစာလောက် ချင်ယူခဲ့ ခွာပြီးရေတစ်ခါတည်း စိမ်ထားနော် အန်တီနှောင်းရေ ပဲဒီတစ်ရေဆူတာနဲ့ အာလူးထည့်လိုက်တော့နော်"
" ဟုတ်ကဲ့ ကျွန်မလုပ်ထားလိုက်မယ်နော် "
"နန်းမွှေး ဒေါ်နန်းမွှေးတင် နန်းမွှေးတင်ရေ"
"ဟော သခင်ခေါ်နေပြီ "
"အဲ့ဒါတွေလုပ်ထားလိုက်နော် အဘမြရေ ဆိတ်သားအိုးကို ဟိုဘက်ဖိုမှာ လက်စသတ်ပေးနော် ကျွန်မ ပြီးမှ ပြန်လာခဲ့မယ်"
"မင်းကိုခေါ်နေတာ ကြာနေပြီ နန်းမွှေးတင်"
မီးဖိုချောင်ထိ ရောက်လာကာ ဒရွတ်ဆွဲမတက် ဆွဲခေါ်နေတာမို့ အိမ်မကြီးထိ ရောက်သွားလေသည်။
မျက်လွှာပင် ပင့်မကြည့်ပဲ ရပ်နေတာက ကိုင်စောင့်ပြီး လွှင့်ပစ်လို့က တစ်ခါပစ်စာပဲ ရှိလေသည်။
ဟုတ်ပါတယ် ကလေးတစ်ယောက်မွေးထားတဲ့ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် နန်းမွှေးတင်ဆိုတာ ဟောဒီက စစ်ဝ်မာန်လို့ခေါ်တဲ့ ကျွန်တော်ရဲ့ ဇနီးသည်ပါ။
သူမကျွန်တော်ကို ဂရုမစိုက်တာ လွန်ခဲ့တဲ့ (၁၈)နှစ်ကတည်းကပဲ၊ သူမကိုချစ်ခဲ့ ချစ်ဆဲပေမဲ့ သူမကတော့ ကျွန်တော်ကို ဂရုပင်မစိုက်။
"မင်းက ငါ့ကြည့်ပြီး စကားပြောရမှာတောင် ရွံရှာနေသလိုလိုပါလား"
YOU ARE READING
Fanfic(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020