အပိုင်း(၆)
1.4K 118 6
မနက်အလှူအတွက် ချက်ကြပြုတ်ကြနဲ့ ည(၂)နာရီလောက် အကုန်လက်စသတ်သွားသလို ဆရာဝန်ရောက်လာပြီး ဒေါ်နန်းမွှေးတင်ကို မေးခိုင်ဆေးထိုးပေးကာ သောက်ဆေးပေးပြီး ပြန်သွားလေသည်။
မနက်ဝေလီ ဝေလင်း အာရုံဆွမ်း လောင်းပြီးသကာလ အိုးခွက်သိမ်း ဆေးကြောကြနဲ့ အလုပ်တွေ အောင်အောင်မြင်မြင် ပြီးသွားသလို အိမ်တော်သခင်မကြီးလည်း တစ်ညလုံး အဖျားတက်ခဲ့ပေမဲ့ မနက်ကျ သက်သာနေလေသည်။
"သ သခင် ...."
"သရဲတစ္ဆေတွေ့လာတာလား မင်းရုပ်က ဘာလဲ"
ပြူးပြူးပျာပျာ ရောက်ရှိလာတဲ့ တပည့်က ညစောင့်တာဝန်ကျတဲ့ (၁၀)ယောက်ထဲက လူတစ်ယောက်။
"ဟို ဟို သခင်ငယ်လေး သခင်ငယ်လေး မရှိတော့ဘူး"
"ဘာ!!!"
"သေ သေချာ ရှာပြီးပါပြီ ဒီမနက် စောင့်လဲတော့ မတွေ့တော့တာပါ သခင်"
"ခွန်ဆိုင်း ခွန်ဆိုင်း လူဆယ်ယောက်လောက်ခေါ်သွား တောနင်းရှာစမ်း၊ အဘမြက ခြံထဲတွေထိ ဆင်းရှာပေး ဒီကလေး ဘယ်ထိပြေးမှာလဲ"
ဘယ်ထိ ပြေးမပြေး မသိပေမဲ့ အချိန်အားဖြင့် တစ်ပတ်တိတိ ကြာခဲ့ပြီ၊ အင်္ဂလန်ထိ ကျောင်းသွားတက်တဲ့ တူဖြစ်သူ ခွန်ညိုမှိုင်းတောင် ပြန်ရောက်လာခဲ့ပြီ။
အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေခဲ့ပေမဲ့ စံအိမ်ထဲက လူတွေကတော့ တစ်ချိန်လုံး မနားရ မအားရ၊ သားပျောက်သွားတဲ့ နေ့ကစပြီး ဇနီးသည်ရဲ့ ရောဂါဟောင်းက တဖြည်းဖြည်း ဆိုးလာတာမို့ ဦးစစ်ဝ်မာန်မှာ နားရချိန် သိပ်မရှိခဲ့၊ ဂရုမစိုက်ချင်ယောင်ဆောင်ထားသမျှ ခဝါချပြီး မကြင်နာတဲ့စကားဆိုကာ ဂရုစိုက်လေသည်။
"မသောက်ဘူးရှင်"
"ပြန်ယူသွားတော့ မင်းရောဂါက အလိုလို ပျောက်ရောလား မင်းသားကို မတွေ့ချင်တော့ရင် အသေသာခံလိုက်"
"ပေး ပေး"
ဒီမိန်းမ သေချင်သေးတာလည်းမဟုတ်ပဲ၊ လက်ထဲက ဆေးကို လက်ပြောင်းထည့်ပေးကာ ရေခွက်ကို နှုတ်ခမ်းနားမှာ တေ့ပေးပြီး ထိန်းကိုင်ထားကာ တိုက်လိုက်သည်။