အပိုင်း(၈)
1.3K 125 12
ပဠာန်းသံသဲ့သဲ့လေး ကြားလိုက်ရတာမို့ Gun နိုးနေပြီ ဖြစ်ကြောင်း သိလိုက်သည်။
ဒီကလေး ရောက်လာကတည်းက အေးအေးဆေးဆေး အိမ်ထဲက အိမ်ပြင် ထွက်တာတောင် မတွေ့ရ ၊ မကြားရ။
အလုပ်က ပြန်ချိန်တိုင်း အိမ်မှာ အမြဲရှိနေပြီး ထမင်းဟင်းလည်း အဆင်သင့် ချက်ပြုတ်ထားလေသည်။
အခုမှပဲ အိမ်က အိမ်နဲ့ တူတော့တယ်လို့ တွေးမိတော့တယ်။
ဘာလို့ဆို ဘုရားပန်းလဲတာ ဘာညာနဲ့ အိမ်သန့်ရှင်းလုပ်တာက ကျွန်တော်အတွက် တစ်ပတ်တစ်ခါပင် နပ်မမှန်ချင်။
အခုလို မနက်(၆)နာရီလောက် တရားသံ ကြားရဖို့ဝေးလို့၊ အိပ်ယာတောင် ပိတ်ရက်မှာ အတိုးချပြီး အိပ်တက်သူမို့ မနက်(၁၀)နာရီလောက်မှထကာ မနက်စာလွတ် နေလည်စာနဲ့ ပေါင်းစားတက်သည်။
အခုများတော့ အဆာပြေကအစ အကျအန စားနေရကာ လိမ္မာလွန်းတဲ့ ညီလေးတစ်ယောက် မိုးပေါ်က ပစ်ချပေးလိုက်သည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်နေရသေးသည်။
"Gun...ဘာတွေလုပ်"
"အစ်ကိုOff နိုးပြီလား...မနက်စာ ပဲပြုတ်နဲ့ထမင်းဝါကြော်လေး၊ ငါးရံ့ခြောက်ဖုတ်ဆီဆမ်းက ဗူးနဲ့ထည့်ထားတယ်"
"အင်း ခဏနေ စားမယ်လေ...အစ်ကို ဘာကူရမလဲ"
ခြံထဲမှာ ဘောင်(၃)ခုစာလောက်ကို နှင်းဆီ နဲ့ စံပယ်အိုးပုတ် တို့ကို အပင်တွေ ဝယ်ချလာပြီး ကိုယ်တိုင် စိုက်လေသည်၊ မနက်လင်းတာနဲ့ အလုပ်အားလုံး ပြီးရင်ပဲ ပန်းပင်တွေကြား ရောက်သွားကာ အချိန်ဖြုန်းလေသည်၊ ခြံထဲမှာ အရိပ်ရ အပင်ကြီးတွေ ရှိတာမို့ အခုဆို လေအဝေ့မှာ နှင်းဆီရနံ့ စံပယ်အိုးပုတ်ရနံ့တို့နဲ့ မွှေးပျံ့နေတက်သေးသည်။
ခြံထောင့်နားလောက်မှာ သစ်ခွစင်တွေလုပ်ကာ အမိုးအကာပါ အဆောက်ဦးငယ်လေး ဆောက်ချလိုက်သေးသည်၊ ဒီကလေး အတော်ကို အလုပ်ရှာတာပင်။
ဒါပေမဲ့လည်း တစ်ကယ်ကို အိမ်က အိမ်နဲ့ အခုမှ တူလာတာပင်။
မြေကြီးအောက်ခြေနားလေးကို ဆွနေလိုက် လက်နဲ့သပ်တင်လိုက် မြက်ပေါက်လေးတွေ နုတ်လိုက်နဲ့ ဒီကလေး မအားတော့ဘူးထင်တယ်။