အပိုင်း(၁၁)
1.2K 114 4
ယနေ့မနက်စောစောထကာ ချက်တော့ ဘာမှဘယ်နား ရှိမှန်းမသိ၊ လူက မီးဖိုချောင်ထဲ စမ်းတဝါးဝါး။
အားလုံးပြီးစီးသွားတော့ မနက်(၈)နာရီ ထိုးနေလေပြီ၊ အိပ်နေတဲ့ Gunကို ကိုယ်လက်မျက်နှာ ဆေးကြောဖို့ နှိုးရလေသည်။
"Gun Gun...ထ"
"အင်းးးးးးးး!!!"
"ထနိုင်လား Gun"
"အစောကြီး နိုးနေတာလား"
"အစ်ကို ဒီရက်ပိုင်း အလုပ်မသွားဘူး"
"အာ ဒီအချိန်တောင် ရှိနေပြီပဲ"
နံရံပေါ်က နာရီကို လှမ်းကြည့်ကာ (၈)နာရီ ရုံးတက်တဲ့ အစ်ကိုOff အခု ကျွန်တော်ကြောင့် အလုပ်ပျက်ရပြီ။
"ထ ...!"
ပုခုံးနှစ်ဖက်က ဆွဲကိုင်ကာ ထစေတော့ ကျောက မျက်ကနဲ။
"အ!!!"
"ရလား "
ခေါင်းအသာ ယမ်းပြတာမို့ လူကို ဆတ်ကနဲ ပွေ့ကာ ရေချိုးခန်းထဲ ပို့ပေးလေသည်၊ သွားတိုက်ဆေးကအစ အဆင်သင့် ပြင်ပေးကာ ဖန်ခွက်ထဲ ရေထည့်ပြီး ကမ်းပေးသည်။
Off အင်္ကျီ အောက်နားစကို လက်လှမ်းတော့ Gun အလန့်တကြား အင်္ကျီစကို ပြန်ဆွဲထားမိသည်။
"Gun ဘာသာ လုပ်လို့မရဘူးလား"
"ရတယ်လေ ရေပတ်တိုက်တော့ Gunလက်က လှမ်းလို့ ရပြီလား"
ဟုတ်သား၊ ကုန်းတာကွတာ တစ်ကယ်ကို အဆင်မပြေ၊ လက်မြှောက်လိုက်တိုင်း ကျောက အောင့်ကနဲ၊ မနေ့ကထက် ဒီနေ့ပိုနာလာလေသည်။
Gunလက်လေး တဖြည်းဖြည်း လွတ်သွားမှ ဆွဲလှန်ချွတ်လိုက်သည်၊ဖြူစွတ်စွတ် အတွင်းသားကို မသိချင်ယောင်ဆောင် ရေပတ်ဝတ်နဲ့ တိုက်ပြီး မျက်နှာသုတ်ပုဝါကို လွှမ်းလိုက်ကာ အခန်းထဲ ပြန်ပွေ့လာခဲ့သည်။
"Gun ဒါလေး"
အပြာရင့်ရောင် အပေါ်အောက်ဆင်တူ ညဝတ်အင်္ကျီလက်တိုကို ယူပေးသည်။
"Gun ဝတ်မယ်"
ဒီကလေး ဘာတွေဖြစ်နေတာလဲ၊ ဝတ်စမ်းဆိုပြီး လက်ပိုက်ကာ ရပ်ကြည့်နေလိုက်သည်။