အပိုင်း(၉)
1.3K 116 4
"မိနှောင်း အန်တီရော"
"လှဲနေတယ် "
အခန်းတံခါးကို အသာဖွင့်ပြီး ဝင်သွားလိုက်သည်၊ နဂိုကတည်းက မဝတဲ့ ခန္ဓာကိုယ်က ခုဆို ပါးလှပ်နေလေပြီ။
သူတက်နိုင်တဲ့ဘက်က တစ်ခုခုလုပ်ပြီး အန်တီကို အဆင်ပြေစေချင်သည်။
ကြမ်းပြင်မှာ စောင့်ကြောင့်ထိုင်လိုက်ပီး ထိုင်ကန်တော့လိုက်သည်။
"ကျွန်တော် ငယ်လေးကို တွေ့အောင် ရှာပေးမှာမို့လို့ အန်တီ နေကောင်းအောင် နေပါနော်"
အန်တီကို ကန်တော့ပြီးတော့ ဘေးဘက်က အခန်းထဲ ဝင်ခဲ့လေသည်။ ပန်းချီကားချပ်တွေက မပြီးသေးတာတွေရော ထောက်တိုင်ပေါ်က ဆွဲလက်စတွေရော၊ ဒီအခန်းက ငယ်လေးရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု။
အိမ်ကြီးကို နောက်လှည့်ကာ ရပ်ကြည့်နေလိုက်သည်၊ ဒီခြံဒီဝန်းထဲမှာ ငယ်ငယ်က ငယ်လေးနဲ့အတူတူ ရှိခဲ့တဲ့ ပုံရိပ်တွေက ဘယ်ကိုကြည့်ကြည့် အရိပ်ထင်နေဆဲ၊ "ကိုကို" လို့ ခေါ်တဲ့ အသံလေးက နားထဲ ပဲ့တင်သံ ထပ်နေလေသည်။
"မှိုင်း"
ဆုံးသွားတဲ့ အစ်မဖြစ်သူနဲ့ သိပ်တူတဲ့ တူလေး၊ စိတ်ကောင်းဝင်နေချိန်ဆို ခေါ်ဖြစ်တာက "မှိုင်း"၊ စိတ်တိုနေရင်တော့ "ခွန်ညိုမှိုင်း"
"ဗျာ ဦးငယ်"
နောက်နားက ဘယ်ချိန်ကတည်းက ရောက်လာမှန်းမသိတဲ့ ဦးငယ် ခေါ်သံကြောင့် မနက်စောစော အတွေးလွန်ရာကနေ လှည့်ကြည့်မိသည်။
"စစ်ဝ်ခွန်းငယ် ကို တွေ့တဲ့အရပ်ကနေ အိမ်ခေါ်လာခဲ့ "
"ဗျာ...ဟုတ်!!!"
တစ်သက်...တစ်ကယ်ကို ကျွန်တော်တစ်သက်၊ ဘယ်တုန်းကမှ မခေါ်ခဲ့တဲ့ နာမည်ကို ခုကြတော့ နှုတ်ဖျားက ပြတ်ပြတ်သားသား မာန်တင်းပြီး ခေါ်ပေမဲ့ မျက်ဝန်းထဲမှာတော့ ကြေကွဲရိပ်တွေ အပြည့်၊ ကျွန်တော် နားလည်ပါပြီ ဦးငယ်၊ တစ်ကယ်တမ်းက ဦးငယ်ကိုယ်တိုင် မထွေးပွေ့ပေမဲ့ ဒီကလေးကို ချစ်နေခဲ့တာပဲ၊ အန်တီနဲ့ နားလည်မှု တည်ဆောက်နိုင်ပါစေ ဦးငယ်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ပြန်လာတဲ့အခါ မိသားစု အတူတူ ပျော်ချင်လို့ပါ။