အပိုင်း(၂၅)
1.2K 99 15
မွှေးပျံ့လာတဲ့ ရနံ့ကြောင့် အိပ်ယာက နိုးထလာရပါတယ်။ အတော်မွှေးတာပဲ။ ကျွန်တော်ကလေး ဘာချက်နေတာပါလိမ့်။ ကိုယ်ပေါ်ကစောင်ကို ဆွဲဖယ်ပြီး လူကအခန်းအပြင်ကို ထွက်ကာ ကလေးရှိရာဆီ ဦးတည်လိုက်သည်။ နာနေသေးတဲ့ခါးကြောင့် ကလေးက ကျွန်တော်ကိုညှာကာ အခန်းပေးသုံးလိုက်တာမို့ မနေ့ညက ကောင်းကောင်း အိပ်ပျော်လေသည်။ မနက်ဖြန် ရုံးပိတ်ရက်လေးမှာတော့ အခန်းတွင်း ပြင်ဆင်မှုလေး လုပ်အုံးမှပါ။ ပိုနေတဲ့အခန်းကိုပဲ ကလေးအတွက် ပြင်ပေးလိုက်ရမလား။ ကျွန်တော်ရဲ့ အခုအခန်းကိုပဲ single bedအစား King bed size ပြောင်းထည့်လိုက်ရမလား။ ကျွန်တော် မစဉ်းစားရသေး။
ထုံးစံအတိုင်း Kitchenထဲမှာတော့ ပြင်ဆင်လုနီးပါး ဖြစ်နေတဲ့ ခေါက်ဆွဲကို ပန်းကန်ပြားချပ်ထဲ ပြောင်းထည့်နေတဲ့ Gun။ အားးးးးစားရချည်သေးရဲ့။ အရင်အိမ်မှာတုန်းက တစ်မျိုးပြီးတစ်မျိုး လုပ်ကျွေးနေတဲ့ ကလေး။ ဒီအိမ်ရောက်ကတည်းက အချိန်တစ်ခုထိ မခေါ်မပြောဖြစ်ဆိုတော့ ကလေးလက်ရာနဲ့ ဝေးနေရတဲ့ ဘဝ။ အာရုံစူးစိုက်မှုကို ဂရုပြုလိုက်တော့ ဇွန်းခက်ရင်းနဲ့ အလုပ်ရှုပ်နေလေတဲ့ Gun။ Cotton pant ခဲရောင်အရှည်က ကြမ်းပြင်ပေါ် ပုံကျလုမတက်၊ အင်္ကျီလက်တို ပွပွတစ်ထည်ကို တင်ပါးဖုံးတဲ့အထိ ဝတ်ဆင်ထားလေသည်။ နောက်ပိုင်းအလှကို အဝတ်အစားတွေက ဖုံးကွယ်မထားနိုင်ခဲ့။ ကြည့်နေရင်း လူပါ လေသီးသွားကာ ကျွန်တော်ရဲ့စိတ်တွေ မဲမှောင်လို့နေပါတော့သည်။
နောက်ကျောကပ်လျက်ကနေ သိုင်းဖက်လာတဲ့ လက်တစ်စုံ။ ပုခုံးပေါ် ဦးခေါင်းတစ်ခုလုံး ဖေးတင်လိုက်ပြီး ကိုယ်တစ်ခုလုံး မှီတွယ်ထားတာများ Gunခါးကျိုးတော့မတက်။
"အစ်ကိုOff ဒီမှာ မနက်စာ ပြင်နေတယ်လေ၊ အစောကြီး ဘာထလုပ်တာလဲ"
"ရွှတ်....မွှေးနေတာပဲ၊ ရွှတ် ရွှတ်!!!"
Gunပြောတာကို မသိကျိုးကျွံပြုကာ အင်္ကျီသားလွတ်နေတဲ့ ပုခုံးစွန်းကို တရွှတ်ရွှတ်နဲ့ ကျူးကျော်နေတာများ လုပ်လက်စအလုပ်တွေပါ အကုန်ရပ်ဆိုင်းသွားရသည်။
"အစ်ကိုOff Gunပြောနေ....အဲ"
လူကအနောက်ကို အတင်းလှည့်ပြီး မျက်နှာချင်းဆိုင်လေတော့ Gunမှာ ဆွံ့အသွားရသည်။ bathrobe အဖြူရောင်ကို ခါးစည်းကြိုး လျော့တိလျော့ရဲ စည်းနှောင်ထားတာမို့ ရင်ဘတ်ဖြူဖွေးဖွေးတွေက မလုံ့တလုံ။ လူတစ်ဖက်သားကို မြူစွယ်နေသလိုမို့ မျက်နှာကို ချက်ချင်းလွှဲကာ ခေါက်ဆွဲ နှစ်ပွဲကို ထမင်းစားပွဲပေါ် တင်လိုက်လေသည်။