အပိုင်း(၃၇)
1K 95 6
ဝတ်ထားတဲ့ အင်္ကျီအောက်နားတွေအကုန် စုတ်ပြဲကာ ဗိုက်သားလေးတွေ ပေါ်လုပေါ်ခင် ဖြစ်နေသည့် Gun။ အရေးပေါ် အခြေအနေမို့ ရှက်တက်သည်ကို ဘေးဖယ်ကာ အင်္ကျီပွပွရဲ့ အောက်နားစတွေကို စုတ်ဖြဲပြီး ကိုကို့ခြေထောက် အဆိပ်မပျံ့စေဖို့ အသုံးပြုခဲ့သည်။ အခုအိမ်ရောက်တော့ လူက ဖရိုဖရဲ ဖြစ်နေလေသည်။ ကိုကိုသာ မြင်လို့ကတော့ Gun ကို ဆူနေအုံးမယ်ဆိုတာ သိသာလေသည်။
ညနက်သည်အထိ ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ ကိုကို့အနား ညစ်ပတ်ပေတူးနေသည့် ကျွန်တော်က ထိုင်စောင့်နေမြဲ။ ကျွန်တော် ခဏလေး ကိုကို့အနား မရှိသည်နဲ့ ကိုကိုတစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေလေသည်။
"ငယ်လေး ထ!!! ကိုယ်လက် သန့်စင်လိုက်ပါလား... ကိုကို စောင့်ပေးမယ်"
"ရတယ် ကိုကို... Gun... Gun... ထမသွားရဲဘူး!!"
စိုးရိမ်ကြောင့်ကျမှုများဖြင့် ပြည့်နှက်နေသော ညီဖြစ်သူရဲ့ နွမ်းနယ်နေတဲ့ မျက်နှာလေးကြောင့် ကျွန်တော် စကားဆိုမိပေမဲ့ အငယ်လေးကတော့ ထုံးစံအတိုင်း ငြင်းဆိုလေသည်။
"ရော့!!! ဒါလေးသောက်"
ဘာဆိုဘာမှ မစားရသေးသည့် ငယ်လေးလက်ထဲသို့ Vitamin ဆေးပြားဖျော်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကိုကို"
"ညီအစ်ကိုချင်းပဲ ငယ်လေးရာ... ကျေးဇူးတင်စကား မလိုပါဘူး"
"ကိုကိုအိပ်နှင့်လေ ညနက်နေပြီ၊ Gunကရတယ်"
ည(၁)နာရီတိတိကို ဖော်ပြနေတဲ့ နာရီလက်တံက ငိုက်မြည်းနေတဲ့ စိတ်ကို ပို၍ အသက်ဝင်စေသည်။
"အင်း... တစ်ခုခုဆို လာခေါ်နော် ငယ်လေး"
"ဟုတ်ကဲ့ ကိုကို"
စိတ်မချနိုင်စွာ မှာကြားရင်း အခန်းပြန်ခဲ့ပေမဲ့ ကျွန်တော်အိပ်နေရင် ဆင်အော်တောင် မကြားနိုင်တဲ့ထိ အိပ်မောကျတက်ပါသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
နာရီလက်တံတွေ တစ်ရွေ့ရွေ့ လွန်လာတာနဲ့အမျှ အာရုဏ်ဦးသို့ ချည်းနင်းဝင်ရောက်လာခဲ့သည်။