အပိုင်း(၁၈)
1.2K 104 6
တီးတောင်!!!!တီးတောင်!!!တီးတောင်!!!
"လာ ကိုကို"
တံခါးဝမှာ လက္ဖက်ရည်ဗူးတွေ မုန့်ဟင်းခါးထုပ်တွေ ဆွဲကိုင်ကာ ရပ်နေသော ကိုကို။
ကိုကို မျက်နှာက သိပ်မကောင်း၊ ညက အိပ်ရောပျော်ရဲ့လားမသိ။
တစ်ညလုံးစဉ်းစားမယ်ဆိုပြီး ပြောသွားတာ၊ ပြောတဲ့အတိုင်းများ တစ်ညလုံး စဉ်းစားနေသလား မသိ၊ မျက်တွင်းက ဟောက်ပက်နဲ့ တစ်ညတည်း သိသာသွားလေသည်။
လက်ထဲက စားစရာတွေကို ခွက်ထဲထည့်တန်တာထည့် ပန်းကန်နဲ့ လှယ်သင့်တာလှယ်နဲ့ လူက kitchenထဲမှာ အလုပ်ရှုပ်နေရင်း ထမင်းစားပွဲပေါ် သေသေသပ်သပ် ပြင်ထားလိုက်သည်။
"ကိုကိုပါ တစ်ခါတည်းစားနော်"
"ကိုကို စားခဲ့ပြီးပြီ ရေတစ်ခွက်ပဲ ပေးတော့"
"ဟုတ်!!!.....အစ်ကိုOffရေ...မနက်စာ အဆင်သင့် ဖြစ်နေပြီနော်"
အခန်းရှိရာဘက် လှမ်းအော်လိုက်တော့ မှိုင်းမှာ သိသိသာသာ မျက်မှောင်ကျုံ့သွားလေသည်။
ညက ငယ်လေးက ဘယ်မှာ အိပ်တာလဲ၊ အခန်းက တစ်ခန်းပဲ ရှိတာလေ၊ ပြီးတော့ သူများအိမ်က အဖိုးတန်လေးကို အိမ်အလုပ်တွေ ခိုင်းနေတာကရော ဘာအထာလဲ၊ အရင်တုန်းက ကျွန်တော် မသိလို့ ထားလိုက်ပါတော့၊ သိရဲ့နဲ့တော့ ဒီအတိုင်း ကျော်မသွားနိုင်ဘူး၊ တစ်ရက်တန်သည် နှစ်ရက်တန်သည် ငယ်လေးကို ဦးငယ်လာဆင်းခေါ်တဲ့အထိ ရိုးနောင်နဲ့ အတူတူ ထားရအုံးမှာမို့ ကျွန်တော် ပြန်သွားတဲ့ အချိန်တောတွင်းမှာ ငယ်လေးကို မပင်ပန်း စေချင်ဘူး။
"ကိုကို လာပါ မျက်မှောင်ကြီး ကျုံ့ထားတော့ မြန်မြန်အိုပြီး အဖိုးကြီးပေါက်စလေး ဖြစ်တော့မှာပဲ၊ Gunကိုကို လူချောလေးကို ရုပ်မဆိုး စေချင်ပါဘူးနော်၊ Smile~~~~~"
ဧည့်ခန်းမှာ ထိုင်နေတဲ့ ကျွန်တော်ကို ဆွဲထစေကာ Kitchenထိ ကျောဘက်ကနေ တွန်းလာပြီး ထိုင်စေတဲ့ ငယ်လေး။
ကျွန်တော် ရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံးလေးတွေ မှေးမှိတ်သွားတဲ့အထိ ပြုံးပြနေတဲ့ ငယ်လေး။