အပိုင်း(၃၃)
1K 92 0
လင်းကြက်တွန်သံနှင့်အတူ ကောင်းကင်မှာ အမှောင်ရိပ်က တဖြည်းဖြည်း လျော့ပါးလို့လာပါသည်။
မနက်(၅)နာရီ ဆိုပေမဲ့ ပွင့်လင်းရာသီ ရောက်ပြီမို့ အလင်း ဝင်ရောက်မှုနှုန်းက မြန်ဆန်နေလေသည်။
တောင်ပေါ်ဒေသရဲ့ မနက်ခင်းကတော့ မြေပြန့်မှာ မြင်ဖူးနေကြပုံစံနဲ့မတူ ကွဲပြားလို့နေပါသည်။
ပလိုင်းတွေကို ကျောပိုးကာ တောင်ယာခင်း သွားကြသူတွေ ရှိသလို၊ ပေါက်ပြား ပေါက်တူးတွေ သယ်ပိုးပြီး သူ့အုပ်စုနှင့်သူ သွားလာနေကြသူများလည်း ရှိလေသည်။
ရာသီပေါ် သီးနှံတွေကို လှည်းအပြည့်သယ်ဆောင်ပြီး တောင်ပေါ်ဈေးကို ဦးတည်သွားနေတဲ့ ခြံလုပ်သားတွေလည်း ရှိနေလေသည်။
အားလုံးရဲ့ ဦးတည်ချက်က အမျိုးမျိုး ကွဲပြားပေမဲ့ တူညီတာ တစ်ခုက အားလုံးရဲ့ မျက်နှာပေါ်မှာ မျှော်လင့်ချက် ရောင်ခြည်အပြည့် အားမာန်အပြည့်နဲ့ မနက်ခင်းကို စတင်ခြင်းပင် ဖြစ်လေသည်။
ထိုနည်းအတူ တောလမ်းအဆုံး တစ်နေရာတွင် မောင်းနှင်လာသော ကားကို ရပ်တန့်လိုက်ပြီး ကားပေါ်မှ ခုန်ဆင်းလာသည့် လူငယ်လေး တစ်ယောက်လည်း ရှိလေသည်။
ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ဝတ်ဆင်ကာ တောင်ပေါ်ဒေသရဲ့ အအေးဒဏ်ကို ခံနိုင်ဖို့ရာ အပေါ်ထပ် ပေါင်တစ်ဝက်အထိ ရှည်လျားသည့် လောင်းကုတ်အင်္ကျီ ကြီးကို ဝတ်ဆင်ထားသည်မှာလည်း အလွန်ကို ကြည့်ကောင်းသည့် ယောကျာ်းပျို တစ်ဦးဖြစ်ကြောင်း ပုံဆောင်နေသေးသည်။
"ဦးကြီး တဆိတ်လောက် မေးပါရစေ"
ဦးလေးကြီးမှာ ပေါက်တူးပေါက်ပြားတို့ကို ပုခုံးပေါ် ထမ်းတင်ရင်း ဇနီးသည် ဖြစ်ဟန်တူသူက ပလိုင်းခပ်ကြီးကြီး တစ်ခုကို ကျောပိုးသယ်လာသည်ကို တွေ့လိုက်ရသည့်မို့ ဆက်သွားရမည့် လမ်းခရီးကို ယောကျာ်းပျိုလေးမှ မေးကြည့်လိုက်သည်။
"မေးလေ လူငယ်လေး"
"ဒီနားမှာ စံအိမ်တွေ ဘာတွေ ရှိလား"
"အာ လူငယ်လေးမေးတာ သခင်စစ်ဝ်မာန်အိမ်တော်ကို မေးတာများလား"