"တီ တီ!!!"
အိမ်ရှေ့က ကားသံကြောင့် Gunကို ထမင်းကျွေးနေရင်း အပြေးသွားရသည်။
"မြန်လိုက်တာ"
Phဆက်ထားပြီး သိပ်မကြာခင်မှာပဲ ရောက်လာတဲ့ မှိုင်းကို ထွက်ကြိုလိုက်သည်။
အစ်ကိုOffသွားတော့ စားသောက်ခြင်းကို ရပ်လိုက်ပြီး ရေသောက်လိုက်သည်။
အစ်ကိုOffကို မစောင့်ဘဲ ကြိုးစားပြီး ရပ်လိုက်သည်၊ ကျောအောင့်တာ သက်သာသွားပြီမို့ အခုဆိုရင် အဝတ်လဲ ရေချိုးတာက ကိုယ့်ဘာသာ လုပ်လို့ရနေလေပြီ၊ အဲ တစ်ခုပဲ ရေအိမ်သွား ဘာညာက ချီပိုးနေရတုန်းပါပဲ၊ ကိစ္စ ဝိစ္စ ပြီးတဲ့အခါ အစ်ကိုOffက အခန်းထဲပြန်ပို့ ၊ ဒါလောက်ပါပဲ၊ ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဆိုပြီး Gunမှာ အမြဲ တွေးပူအားနာနေရတာ၊ ဘာလို့ဆို အစ်ကိုOffက Gunအပေါ် အရမ်းကောင်းလေသည်။
ခြံထဲမောင်းဝင်လာတဲ့ ကားအနက်လေးတစ်စီး။
"မှိုင်း၊ ငါ့အိမ်လာတာ ဝမ်းသာတယ်ကွာ"
တံခါးပိတ်ကာ ဆင်းလာပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်ကာ နှုတ်ဆက်လိုက်သည်။
"လာ သူငယ်ချင်း...ထိုင်"
"မင်းအလုပ်တွေ အဆင်ပြေလား"
"မဆိုးဘူးကွ ...အလုပ်ကိစ္စ နောက်ထား၊ မင်းအခုလာတာ ငါ့အကူညီ ယူမလို့ဆို"
"အေး ငါ..."
ဒုန်းးးးးးးးး!!!!
"အာ ခဏ မှိုင်းးး"
အိမ်နောက်ဘက်ကို အပြေးလှမ်းသွားတဲ့ ရိုးနောင်ကြောင့် ဒီအိမ်မှာ မိမိသူငယ်ချင်း တစ်ယောက်တည်း မနေကြောင်း ရိပ်မိလိုက်သည်။
"Gun ဘာဖြစ်တာ...!!! sorry sorry ကလေး ၊ ကိုယ်မေ့သွားတာ၊ ဘယ်နာသွားလဲ ဟင်"
wait!!!what....ဘယ်လိုခေါ်လိုက်တာ။
ပြုတ်ကျပြီး နာနေတဲ့လူက ကြောင်အသွားတဲ့အထိ အစ်ကိုOffကို မော့ကြည့်မိသည်။
"အာ...မနာပါဘူး အစ်ကိုOffရဲ့...Gun...!!!"
ကောက်ပွေ့လိုက်တာကြောင့် လက်က အလိုအလျောက် လည်ပင်းကို ခိုကိုင်လိုက်ကာ ရင်ခွင်ထဲ ဦးခေါင်းတစ်ခုလုံး ကွက်တိဝင်သွားသည်။
YOU ARE READING
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020