FIRE WATER

71.6K 2.7K 92
                                    

(ZAW GYI)

ဆောင်းကုန်လို့ နွေဦးပေါက်လာပြီဆိုတော့ ပင်ယံထက်မှာ ရွက်နုလေးတွေ စီရရီထွက်ပြူလာသည်။ တဆောင်းလုံး ညှိုးလျော် မွဲခြောက်နေတဲ့ သစ်ပင်တို့လည်း အစွမ်းကုန်စိမ်းလန်းဖို့ တာဆူနေကြပြီ။

တဆောင်းတွင်းလုံး ပင်စည်ကိုင်းခက် မဲမဲတွေကြားကနေ မီးခိုးငွေ့တလူလူနဲ့ မြင်နေခဲ့ရသည့် အိမ်လေးရဲ့ ခေါင်မိုးမည်းမည်းတွေတောင် ရွက်သစ်အုပ်ကြားမှာ တစွန်းတစသာမြင်ရတော့သည်။

သစ်တော်ပင်နှင့် မေပယ်ပင်အိုတို့ကြားက မြေလမ်းလေးမှာလျှောက်လာရင်း တနေရာအရောက်မှာတော့ သူခြေစုံရပ်လိုက်သည်။

တခြံလုံးက ပင်ပျိုပင်အိုတို့နဲ့ ခြားနားစွာ တပင်လုံးသည်းသည်းလှုပ်နေသည့် ချယ်ရီပွင့်တို့နှင့် ပန်းသွေးနုခြယ်ကာလှပနေသည့် ချယ်ရီပင်အိုကြီး အခြေမှာရပ်ရင်း မော့ကြည့်မိသည်။

လေပြေအေးတချက်အဝေ့မှာ ပွင့်ဖတ်ကြွေတို့က ပန်းနုရောင် မိုးစက်တွေလို တဖြောဖြောကြွေဆင်းကျလာသည်ကို မျက်နှာမော့ရင်း ခံယူတော့ နူးညံ့လှတဲ့ ပွင့်ဖတ်တွေက သူ့ကိုယ်ကို တို့ထိရင်း မြေပြင်ပေါ်သက်ဆင်းသွား၏။

အသာအယာဆန့်တန်းလိုက်တဲ့ သူ့လက်ချောင်းရှည်ရှည်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်သက်ဆင်းလာတဲ့ ပန်းနုရောင်ပွင့်ဖတ်ကြွေလေးကို လက်ဖဝါးထဲ အသာအယာဆုပ်ယူထားလိုက်သည်။

ဒီပွင့်ဖတ်ကြွေလေးလည်း သူ့အရင်က ပွင့်ဖတ်တို့နည်းတူ ယွန်းသေတ္တာလေးထဲမှာ သိမ်းဆည်းခံရဦးမည်။

ဒါသူ့အတွက် အမှတ်အသားတစ်ခုပင်. . .

သူချစ်တဲ့လူသားသည် ထိဖို့ကိုင်ဖို့ မပြောနဲ့ လေအဝှေ့မှာတောင် ကြွေကျလုမတတ် ချယ်ရီပွင့်လေးလိုပဲ နူးညံ့လှပလွန်းသည်။ ပြီးတော့ ရှင်သန်ချိန်တိုတောင်းလွန်းလှသည်။

ထိုလူသားနှင့် ပမာပုံတူသည့် ချယ်ရီပွင့်တို့ကို သူမုန်းလွန်းလှပေမယ့် မဆန့်ကျင်နိုင်။

နွေဦးတစ်ပေါက်လျှင် ချယ်ရီပွင့်ဖတ်တစ်ပွင့် သူသိမ်းဆည်းမိမြဲ။

FIRE WATERWhere stories live. Discover now