တောင်းပန်ပါတယ် ထပ်မပြောကြပါနဲ့တော့ ကျွန်တော် ဟင့် ! ! ! တကယ်မခိုးပါဘူး ကျွန်တော် အီး 😭😭😭 ကျွန်တော် သူခိုးမဟုတ်ပါဘူး
တောင်းပန်ပါတယ် အမေတို့က ကျွန်တော့်ရင်ထဲမှာ အမြဲရှိတယ် ကျွန်တော် မိဘမဲ့ မဟုတ်ဘူး ဟင့် ! ! ! တောင်းပန်ပါတယ် မပြောကြပါနဲ့တော့
( မရှင်းမှာစိုးလို့ ရှင်းပြတာပါဟဲဟဲ PCYက သူအတန်းထဲတုန်းက ကျောင်းသူတွေပြောတာကို နားထဲပြန်ကြားယောင်ပြီး ပြောနေတာပါ 😁😁😁)
အချိန်ကိုက်ရွာချလာတဲ့ မိုးက ကျွန်တော့ ကိုယ်ပေါ်နေရာလပ်မကျန် ရွှဲစိုသွားတာ
နာရီပိုင်းအတွင်း ဖြစ်သွားတဲ့ ပြဿနာတွေထဲမှာ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ဘာအမှားများလုပ်ခဲ့မိလို့လဲ အကုန်လုံး ကျွန်တော်နဲ့ဘာဆိုင်လို့လဲ
ဘာလို့လဲ ဟင့် ! ! !
အခုမှတွေးမိတယ် သူတို့ပြောတာမှန်တယ် ကျွန်တော့်မှာ မိဘမရှိဘူး တာပေမယ့် လုံးလုံးကြီးမရှိတာမှမဟုတ်တာ ကျွန်တော် သွားတွေ့လို့ရတာပဲ
ဟုတ်တယ် သွားတွေ့မယ်
လောကကြီးကိုအရှုံးပေးပြီး နောက်ဆုံး မိဘတွေနဲ့တော့ သွားတွေ့ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်
ရောက်လာတဲ့ လက်တစ်စုံ
ခေါင်မိုးရဲ့ အစွန်အဖျားသွားရပ်တာတွေ့တော့ လူကအသည်းအသန်ပြေးပြီ လက်ကိုသွားဆွဲလိုက်တယ်
" သ.. သခင်လေး ကျွန်တော့ကိုလွတ်ပေးပါ ကျွန်တော်မနေနိုင်တော့ဘူး ကျွန်တော့မိဘတွေ သွားတွေ့ချင်လို့ပါ တောင်းပန်ပါတယ် "
ခေါင်မိုးအစွန်းနားမှာရပ်နေပြီး မိဘတွေသွားတွေ့ချင်တယ် ပြောနေတာ မဟုတ်မှသူသတ်သေမလို့လား
ကိုယ်တိုင်လဲ ပူထူသွားပြီး ဘာလုပ်ရမှန်း မသိတော့ပဲ ကလေးကိုစိတ်လျော့ဖို့သာပြောနေမိတယ်
" ကလေးရယ် စိတ်လျော့နော် ကိုယ်တောင်းပန်ပါတယ် "
" ကျွန်တော် တကယ်မယူတာပါ သခင်လေးနာရီကို ကျွန်တော်အာ့လိုလူမျိုးမဟုတ်ပါဘူး ဟင့် ! ! ! တောင်း တောင်းပန်ပါတယ် "

DU LIEST GERADE
AVERSION LOVE (Z And U )
Fanfictionလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...