အတိတ်နေ့စွဲ- ၃ ep 48

829 70 21
                                    

" Hyung ခဏပဲဆိုပြီး ဘာလို့အကြာကြီး စကားပြောနေတာလဲ "

"ဟော ...ထင်တယ်ပြောတော့မယ်ဆိုတာ ကဲပြောပါအုန်း အဲ့လိုပြောနေရအောင်လဲ ဘယ်လူဆိုးလေးမွှေတာလဲ ကိုယ့်ကြောင့်ဖြစ်သွားတာကိုနည်းနည်းလေးဖြစ်ဖြစ် အားနာရတယ် ဒီလူ့ဘောင်မဝင်သေးတဲ့ မျောက်ဆိုးလေး လူ့လောကအကြောင်းအများကြီးသင်ပေးရအုန်းမယ် "

" Hyung နော် ကျွန်တော်အသက်နှစ်ဆယ်ပြည့်ပြီ ကလေးမဟုတ်တော့ဘူး လူဆိုးလဲမဟုတ်ဘူး "

"အသက်နှစ်ဆယ်ပြည့်လိုသာပဲ ဟိုချိန်းပွဲ ဒီချိန်းပွဲတွေ အခုချိန်ထိသွားလို့ကောင်းတုန်း ကလေးတွေကြားထဲ ကလေးဗိုလ်လုပ်တုန်း ကိုယ်ပိုင်အလုပ်မလုပ်ပဲ မိဘထဲကလက်ဖြန့်တောင်းတုန်း .... "

အင့် ! ! ဟင့် ! !

ကိုယ်ကသာကိုယ့်အတွေးနဲ့ han လေးကောင်းဖို့ အားရပါးရပြောနေမိတာ ဘေးကဝမ်းနည်းလွယ်လွန်းကာ ကလေးမဟုတ်တဲ့ ကလေးက မျက်ရည်ကြီးတွေပေါက်ပေါက်နဲ့ကိုကျပြီး ဝမ်းနည်းနေတာ

" han လေး လာပါအုန်းကိုယ့်ရင်ခွင်ထဲ "

ပြောလဲပြော Hanလေး ခန္ဓာကိုယ်ကိုကိုယ့်ဘက်ဆွဲလိုက်တော့ အသာလေးရင်ခွင်ထဲ ရောက်ချလာတယ်

ကိုယ်ကသာဘာရယ်မဟုတ်စသလိုနောက်သလိုနဲ့ ပြောလိုက်တဲ့ စကားကြောင့် ဝမ်းနည်းသွားတဲ့ han လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်

"တိတ်တိတ် မငိုနဲ့တော့ ကိုယ်ကစတာ hanလေအလုပ်မရှိလဲဘာဖြစ်လဲ ကိုယ်ရှိတယ်လေကိုယ်ရှာကျွေးမှာပေါ့ han လေးမငိုနဲ့တော့နော် ခရီးလဲပန်းနေတာနဲ့ ပင်ပန်းလိမ့်မယ် "

ကိုယ်ပြောလိုက်တာကို ဘာတွေအတွေးပေါက်သွားတယ်မသိ ငိုပဲငိုနေပြီး စကားလဲပြန်မပြော မော့လဲမကြည့်  တစ်သိမ့်သိမ့်ရှိုက်ကာရှိုက်ကာငိုနေခဲ့တဲ့ Han လေးကြောင့် တစ်စတစ်စစိတ်ပူလာမိတယ်

ပြီးတော့အခုမှ ကျန်းမာရေးပြန်ကောင်းခါစ han လေးကို သေချာဂရုမစိုက်မိပဲ စနောက်မိတဲ့ ကိုယ်ကအပြစ်မကင်းပဲဖြစ်ကာ စိတ်မကောင်းဖြစ်မိတယ်

ငိုပြီးသိပ်မကြာပါဘူး hanလေးကသူ့မျက်နှာကမျက်ရည်တွေကို လက်နှစ်ဖက်နဲ့ ပွတ်သုတ်လိုက်ပြီး ခက်တည်တည်ပြန်ဖြစ်သွားကာ driver seat မှာ ကျကျနနထိုင်ပြီး ဘာစကားမှလဲ ပြန်မပြော ဘာခံစားချက်ကိုမှထုတ်မပြပဲ ကားကိုအရှိန်မြင့်မြင့်နဲ့မောင်းထွက်သွားတဲ့ hanလေး

AVERSION LOVE (Z And U )Onde histórias criam vida. Descubra agora