I Don't want to see ep 25

820 60 3
                                    

သခင်လေးရဲ့ ကုမ္ပဏီခွဲတစ်ခုလို့မှတ်လို့ရတဲ့ နယ်ဘက်ကစက်ရုံမီးလောင် တယ်ဆိုလို့ သခင်လေးကအကိုလေးတောင်ထားခဲ့ပြီး အလောတကြီးနယ်ဘက်ဆင်းခဲ့တယ်

"ဒီမှာတာဝန်ရှိတဲ့ သူကဘယ်သူလဲ မသိဘူး"

"ကျွန်တော်ပါ "

"ပျက်စီးသွားတဲ့ ပစ္စည်းစာရင်းသိပြီးပြီလားမသိဘူး "

"ဟိုလေ တစ်မျိုးတော့ မထင်ပါနဲ့ ဘယ်သူလဲမသိဘူး"

"အာကျွန်တော်မေ့သွားတာမိတ်ဆက်ဖို့ကို ကျွန်တော်က Byun Baekhyunပါ ဗျ"

"Byun CEOရဲ့ တစ်ဦးတည်းသောသား လားမသိဘူး"

"ဟုတ်ပါတယ် ဗျ"

"ရိုင်းပြမှုရှိသွားတဲ့အတွက်တောင်းပန်ပါတယ် သူဌေးလေး"

"ဟုတ်ရပါတယ် တာဝန်အရမော့လား အဆင်ပြေပါတယ်"

"အာ့ဆိုဒီမှာပါ စာရင်းက ကျွန်တော်လဲ လိုက်စစ်ပေးမယ်လေ ပျက်စီးမှုများတော့ သူဌေးလေးအလုပ်ရှုတ်မှာစိုးလို့"

"ရ..ရတယ် နောက်တစ်ပတ်ပို့ရမယ့် ပစ္စည်းတွေ ဘယ်လောက်ပါသွားလဲပဲ စစ်မှာ အကုန်မစစ်ဘူးရယ် ဒီမှာအလုပ်ရှိသေးတယ်မော့လား အာ့တာသာပြီးအောင်လုပ်လိုက်ပါ ကျွန်တော့ကိုဂရုစိုက်မနေနဲ့ရတယ်"

"အာ့တာဆိုရင် ခွင့်ပြုပါဦး လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ ကျွန်တော်ကိုစိတ်ထဲမထားပါနဲ့ "

"ဟုတ်ကဲ့ သူဌေးလေး"

ကျွန်တော်တို့ ဟိုရောက်တော့ မီးတော့ငြိမ်းသွားပြီး တာပေမယ့်သခင်လေးကမပြန်သေးဘဲ စက်ရုံက တာဝန်ရှိသူတွေကို မီးလောင်ခဲ့တဲ့အဆောက်အဦးမှာရှိတဲ့ ပစ္စည်းစာရင်းတောင်းကာ တစ်ယောက်ထဲဝင်ချသွားတယ်

ကျွန်တော့လဲသခင်လေးနောက်ကနေပြီး ထပ်ကျက်မခွာ လိုက်သွားလိုက်တယ် လိုက်ခဲ့ဖို့တော့မပြောပါဘူးတာပေမယ့် နေခဲ့ဖို့ကျတော့ကျွန်တော်နဲ့သိတဲ့သူကတစ်ယောက်မှမရှိပဲကို တကယ်ဆိုလမ်းကိုတောင် မလျှောက်ချင်လောက်အောင်ကို ပင်ပန်းနေတာ ချူချာလွန်းတဲ့ ခန္ဒာကိုယ်က ဘာဖြစ်နေလဲတော့မသိဘူး

ပြီးတော့မီးကလဲအခုမှလောင်ပြီးငြိမ်းတာမဟုတ်လား သခင်လေးတစ်ခုခုဖြစ်ရင် မနေနိုင်မထိုင်နိုင် အရင် ရင်ကျိုးရမှာ ကိုယ်တိုင်ဆိုတာအသိဆုံး

AVERSION LOVE (Z And U )Donde viven las historias. Descúbrelo ahora